Extra - I 🔞🚨

17.9K 1.2K 111
                                    

Mysterious Love

Unicode

This part is rated part if u're not old enough you shouldn't read it!🚨🔞

စကားတက်လွန်းတဲ့ ကျွန်တော်ရဲ့ကောင်လေး

မင်အာရဲ့ဈာပနအခမ်းနားပြီးသွားတော့ ရှောင်ကျန့်သူအဖေတို့နဲ့အတူချုံချင်ကသူတို့ပိုင်တဲ့ Resort တစ်ခုမှာနေကြတယ် စံအိမ်ကိုသေမှုသေခင်း ဖြစ်ထားတာကြောင့်ရဲတွေခဏပိတ်ထားတယ် ။

ရှောင်ကျန့်တို့မိသားစုမနက်စာအတူထိုင်စားနေရင်း ဘယ်သူမှလဲဘာစကားမှမဟတာကြောင့် ရှောင်ကျန့်ဘယ်ကစကားစရမှန်းမသိဖြစ်နေတယ် ရှိတာမှဖြင့်မိသားစုကသုံးယောက်တည်းအရမ်းကို အနေစိမ်းနေတယ်ပစ္စည်းဥစ္စာချမ်းသာပေမယ့်လဲ ပျော်ရွှင်မှုမရှိတဲ့မိသားစုပုံစံကြီးကိုသူမလိုချင်ဘူး ၊ရိပေါ်ကတော့ကြက်ဥချောင်းတွေနဲ့ပေါင်မုန့်တွေကို တစ်ခါစားလို့ရအောင်ဖြတ်ပေးပြီးသူ့ပန်းကန်နဲ့ လဲပေးတယ် ကော်ဖီလဲသူ့အကြိုက်နို့နည်းနည်းပဲထည့်ပြီး ဖျော်ပေးတယ် ဒါပေမယ့်သူနွေးထွေးတဲ့မိသားစုပုံစံ
လိုချင်သေးတယ် ။

" ပါး ၊အဖွား ''
ရှောင်ကျန့်အသံကြောင့်စိတ်ဝိဉာဉ်လွတ်နေသလား ထင်ရတဲ့အဖွားနဲ့ တည်ငြိမ်စွာမနက်စာစားနေတဲ့ပါးက လှည့်ကြည့်လာတယ် သူ့ဘေးကရိပေါ်ကလဲ ဘာများပြောမလဲဆိုတဲ့မျက်ဝန်းတွေနဲ့ကြည့်တယ် ။

" ကျွန်တော် ကျွန်တော်ပေကျင်းကိုပြန်မလိုက်သေးဘူး ''

"ဟေ ဘာလို့လဲမြေးရဲ့ ''

"ကျွန်တော်တာဝန်ယူထားတဲ့ချုံချင်ပရောဂျက်ပြီးအောင်လုပ်ပြီးမှကျွန်တော်ပေကျင်းကိုပြန်ခဲ့ပါ့မယ် အရင်ကလဲမပြီးသေးဘဲတန်းလန်းကြီးထားထားရတာ မလားအခုကျတော်ကိုင်တဲ့အလှည့်မှာတာဝန်ပြီးအောင် လုပ်ချင်တယ် ''

"ဒါဆိုလဲသားသဘောပဲလေ ပါးကတော့မတားပါဘူး''

"အဲ့ဒီ့အစားအပေးယူတစ်ခုရှိတယ် ''

"အပေးအယူ ? ''

"ဟုတ်တယ်ပါး ကျွန်ျတာ်ဒီပရောဂျက်ကိုအပြီးစီး တာဝန်ယူပြီးအောင်မြင်အောင်လုပ်မယ်ချုံချင်ဒေသရဲ့ အအောင်မြင်ဆုံး Resort ဖြစ်သွားရင် ကျွန်တော်ဖြစ်ချင်တာပါးကလိုက်လျောပေးရမယ် ''

Mysterious Love ( Completed ) Where stories live. Discover now