Part -35~ Come Along

10.6K 1.2K 103
                                    

Mysterious Love

Unicode

ဒီနေ့ရုံးနားရက်မို့လို့အိမ်မှာနားတဲ့ သူတချို့လဲနား နေ့ခင်းဘက်အခန်းအောင်းအိပ်တဲ့သူကအိပ်နဲ့ တစ်ယောက်တစ်နေရာစီရောက်နေကြတယ် ။

"ယောက်ဖခြံထဲကကန်မှာရေသွားကူးမယ်လိုက်မလား ''
ယွီပင်းကရေကူးဘောင်းဘီနဲ့အပေါ်ပိုင်းကို ဘာမှမဝတ်ထားဘဲပခုံးပေါ်တဘက်တင်ထားပြီး ဧည့်ခန်းထဲမှာဇီယီနဲ့အေးဆေးTv ထိုင်ကြည့်နေတဲ့ ကျိုးချန်ကိုအဖော်စပ်လိုက်တယ် ။

" အေး ငါလာခဲ့မယ် ဇီယီကိုယ်ရေသွားကူးလိုက်ဦးမယ် ''

" အင်းပြီးရော ရန်ဖေးကောကိုရောခေါ်လိုက်ဦးလေ ''

" သူ့ခြေထောက်ကမှသိပ်မသက်သာသေးတာ ''

" အော် ဟုတ်သားပဲအဲ့ဒါဆိုငါအခန်းထဲဝင် အိပ်တော့မယ်နင်တို့သွားကူးတော့ ''

ကျိုးချန်လဲဒူးခေါင်းလောက်ထိဖုံးတဲ့ဘောင်းဘီဝတ်ပြီး ယွီပင်းနဲ့အတူရေကူးဖို့ခြံထဲရောက်လာတယ် ။

" ခြံကြီးကအတော်ကျယ်တာပဲနော် ''

" အေးဟုတ်တယ် ဒီစံအိမ်ကမန်နေဂျင်းတို့ပေကျင်းမှာ နေတဲ့အိမ်ထက်စာရင်မဖြစ်စလောက်ပဲ ''

" အေးကွာချမ်းသားချက်ကလက်လန်တယ် ဒါနဲ့မန်နေဂျင်းအမကဘယ်တော့ပြန်လာမှာလဲ မသိဘူးနော် ''

" ဘာလုပ်ဖို့လဲမင်းက ''

" အော် ဒီလောက်ချောတာကွာအပြင်မှာမြင်ဖူးချင်လို့ ''

" မင်းကတော့ဘူးပြန်ပြီ ''

" ကျိုးချန် ငါရေခဲသေတ္တာထဲဘီယာတွေ အအေးခံထားတယ်မင်းသွားယူပါလားငါရေစိုသွားလို့ ''

ရေကန်ဘောင်နားမှာတင်ပါးလွှဲထိုင်နေတဲ့ယွီပင်းက ကျိုးချန်ကိုလှမ်းပြောလိုက်တယ် ။

"မင်းကတာ့လုပ်ပြီ မင်းကိုမင်းအမမျက်နှာကြောင့် သည်းခံနေတာနော် ''

"အေးပါယောက်ဖရယ် ကြောက်ပါတယ်သွားယူစမ်းပါ ''

ကျိုးချန်လဲယွီပင်းကိုဆဲဆဲဆိုဆိုနဲ့ထိုင်ခုံကနေထသွားပြီး အိမ်ထဲဝင်သွားတယ်ယွီပင်းကတော့ရေကန်ဘောင်နားမှာ ထိုင်ပြီးခြေထောက်နှစ်ဖက်ကရေကိုဆော့နေတယ် ။

Mysterious Love ( Completed ) Where stories live. Discover now