Part -26~ Clue (2)

11.3K 1.4K 89
                                    

Mysterious Love

Unicode

ရှောင်ကျန့်ရုံးကဖိုင်တွေထဲရှာကြည့်လိုက်တော့ ဒီချုံချင်အပန်းဖြေဟိုဟယ်ပရောဂျက်ကို16.3.2017 ကို ဆက်မလုပ်တော့ဖို့ဖျက်သိမ်းလိုက်တာဖြစ်ပြီး ဖျက်သိမ်းဖို့လက်မှတ်ထိုးထားတဲ့ဖိုင်တွေအကုန်လုံးကို မန်နေဂျင်းရှောင်မင်အာကတာဝန်ယူဖျက်သိမ်းထားတာ
ဝမ်ရိပေါ်တစ်ယောက်သာချုံချင်မှာကျန်ခဲ့တာဖြစ်ပြီး ရန်ဖေး ၊ လင်းချန် ၊ ရှောင်ဟန်တို့က ပရောဂျက်ဆက်မလုပ်တော့တာကြောင့် ပေကျင်းရုံးကိုပြန်ဖို့ပြောင်းရွေ့စာရတယ် ။

ပရောဂျက်ဖျက်သိမ်းပြီး၂ပတ်အတွင်း စာရွက်စာတမ်းတွေပို့ရတာမို့လို့ချက်ချင်း ပေကျင်းကိုမပြန်နိုင်သေးဘဲရုံးမှာအလုပ် လုပ်ရသေးတဲ့ပုံပဲ ရိပေါ်ကတော့အစထဲကချုံချင်ရုံး အတွက်စေလွှတ်ခံရတဲ့မန်နေဂျာ (ခေါင်းဆောင်) မို့လို့ပေကျင်းကိုမပြန်ရတာ ။

အရင်ပရောဂျက်ကိုလုပ်တဲ့သူတွေအကုန်လုံးက စာရွက်စာတမ်းတွေလွှဲပြောင်းပေးပြီး 5.4.2017 မှာပြန်ဖို့အကုန်လုပ်ထားတာပေါ့ ။

ရှောင်ကျန့်ရုံးခွဲကcctvမှာကြည့်လိုက်တော့ 4.4.2017 မနက်ပိုင်းမှာရှောင်ဟန်ကရုံးကို ရောက်လာတယ် သူရောက်ပြီးတဲ့နောက်မှာ လင်းချန်ကရုံးကိုရောက်လာတယ်လင်းချန်က ရှောင်ဟန်ကိုရုံးခန်းတစ်ခုထဲဆွဲခေါ်သွားတာကိုcctv ထဲမှာမြင်လိုက်ရတယ် ခဏကြာတော့လင်းချန်ကငိုပြီး ထွက်လာတယ် ရှောင်ဟန်နဲ့လင်းချန်ကရော အပြင်မှာမသိသလိုနေကြပြီးအတိုင်းတာတစ်ခု အထိရင်းနှီးခဲ့ကြတာလား ?

ရှောင်ကျန့်အရာအားလုံးကိုနားမလည်နိုင်တော့ဘူး ဘာလို့အရာအားလုံးကရူပ်ထွေးပြီး ပဟေဠိဆန်နေရတာလဲ ။

~~~~~~~ ဒေါက် ~~~~~ ဒေါက် ~~~~~

" အင်း ဝင်လာခဲ့ ''

ရုံးကစာရေးမလေးကဝင်လာတော သူလာပေးတဲ့ဖိုင်တွေ ကြည့်ပြီး အာရုံတွေနောက်နေတာမို့လို့မျက်ခုံးနှစ်ခုကြား လက်နဲ့ပွတ်သပ်နေမိလိုက်တယ် ။

" နေဦးမင်းကဒီရုံးခွဲမှာရှိနေတာကြာပြီလို့ပြောတယ်နော်''

Mysterious Love ( Completed ) Nơi câu chuyện tồn tại. Hãy khám phá bây giờ