Part-19 ~Red Lady

10.6K 1.2K 46
                                    

Mysterious Love

Unicode

မှောင်မဲနေတဲ့ကားလမ်းတလျှောက်ကားရှေ့မီးကြီးကိုသာထိုး ပြီးစံအိမ်ဆီကို သေချာမောင်းလာခဲ့တယ်။စံအိမ်ကိုရောက်ခါနီးကားdashboardကအချိန်ကို လှမ်းကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးတော့မယ် ရိပေါ်တို့ကားစံအိမ်ထဲဝင်လာတော့ ခြံထဲကခြံစောင့်ကောင်လေးကတံခါးလာဖွင့်ပေးတယ်။

" အကိုလေးတို့နောက်ကျတယ်နော် ''

" အင်း ကားပျက်နေလို့ ''
ရိပေါ်ထိုတစ်ခွန်းသာပြောပြီးကားကိုစံအိမ်ထဲအထိမောင်း
လာတယ် ကားထဲကနေစံအိမ်ကိုလှမ်းကြည့်တော့
တစ်အိမ်လုံးမီးတွေထွန်းထားတာမှထိန်လို့...

ရိပေါ်ဘေးကိုကြည့်တော့ရှောင်ကျန့်က အိပ်ပျော်နေဆဲမို့ ရှောင်ကျန့်ကိုလှုပ်ပြီးနှိုးပေမယ့်လဲမနိုးတဲ့ အပြင်တစ်ဖက်ကိုပါ လှည့်သွားတယ် ရိပေါ်လဲနှိုးမရတဲ့အဆုံးရှောင်ကျန့်ကိုပွေ့ချီ လိုက်ပြီးကားထဲကသယ်လာတယ် စံအိမ်ထဲဝင်တော့ ဧည့်ခန်းထဲကမီးတွေပိတ်ထားပြီး လှေကားဘေးနှစ်ဖက်က နံရံကပ်မီးအိမ်ကဖွင့်ထားတဲ့ ဝါပျပျအလင်းကြောင့်သာရိပေါ် မြင်ရတာမို့သတိထားလျှောက်ပြီး အပေါ်ထပ်ကိုတပ်
သွားတယ် ။

ရှောင်ကျန့်ကိုလဲတစ်ဖက်ကမချီထားရတာမို့ လှေကားကို ခက်ခက်ခဲခဲတက်လိုက်ရတယ် ။
" အင်း အင့်''

ဒီလောက်လှုပ်တာတောင်ရှောင်ကျန့်ကမနိုးတဲ့အပြင် ယောင်ပါယောင်လိုက်သေး ရိပေါ်လဲရှောင်ကျန့်အခန်းကို
ခက်ခက်ခဲခဲဖွင့်လိုက်ပြီးကုတင်ပေါ်ကိုချပေးလိုက်တယ် ။

" တော်တော်အိပ်နိုင်တာပဲ ''

ရိပေါ်ကသူ့ကိုကုတင်ပေါ်သေချာနေရာချပေးပြီး သူ့အခန်းထဲကိုပြန်သွားတယ် ကားကိုအဝေးကြီး မောင်းလာရတာပင်ပန်းတာမို့လို့ရေချိုးချင်ပေမယ့်လဲ လူကမလှုပ်နိုင်တော့တာကြောင့် ရိပေါ်အဝတ်စားတွေအကုန်ချွတ်လိုက်ပြီးအိပ်ရာပေါ် ကိုပဲတန်းအိပ်လိုက်တယ် ။

မပြီးသေးတဲ့အလုပ်တွေလက်စဖြတ်နေရင်း ရေဆာလာလို့ ရေဗူးကိုကြည့်တော့ ရေမရှိတော့တာမို့ရေထည့်မို့အခန်းပြင်
ကိုထွက်လာခဲ့တယ် သူအခန်းထဲကနေထွက်လာတော့ ဧည့်ခန်းကိုဖြတ်ရတာမို့လို့သူဧည့်ခန်းကို တစ်ချက်လှမ်းကြည့် လိုက်တော့သူ့ကိုကျောပေးပြီး ထိုင်နေတဲ့မိန်းကလေးတစ်ယာက်ကိုတွေ့လိုက်တယ် ။

Mysterious Love ( Completed ) Where stories live. Discover now