Part-33 ~The Church

10K 1.4K 78
                                    

Mysterious Love

Unicode

တင်းကြပ်နေအောင်အဖက်ခံထားရတာမို့ အသက်ရူကြပ် သယောင်ဖြစ်လာလို့တွန်းဖယ်ပေမယ့်နည်းနည်းမှရွေ့မ သွားတာကြောင့်ရှောင်ကျန့်မျက်လုံးဖွင့်ကြည့်လိုက်တော့ရိပေါ်ရဲ့ရင်ခွင်ထဲမှာမြှပ်နေအောင်အဖက်ခံထားရတာဖြစ် နေတယ်သူ့ကိုဖက်ထားတဲ့ရိပေါ်လက်တွေကိုဖြေးဖြေး ချင်းဖြုတ်ချတော့ မျက်လုံးတွေပွင့်လာတဲ့ရိပေါ်

" နိုးပြီလားရှောင်ကျန့် ''

"နိုးပြီ မင်းဖက်ထားတာနည်းနည်းလောက်လွှတ်ပေးဦး အသက်ရူကြပ်နေပြီ ''

" အော် အင်းပါအင်းပါ ''

" ငါညကငါ့အခန်းထဲမှာအိပ်တာပါဘယ်လိုဖြစ်လို့ မင်းအခန်းထဲရောက်နေတာလဲ ''

"မင်းညကကိစ္စနည်းနည်းမှမမှတ်မိဘူးလား ''

" ဟင့်အင်း ဘာဖြစ်လို့လဲညကငါလဲမသောက်မိပါဘူး ''

"မင်းညကလသာဆောင်ဘောင်ပေါ်တက်ပြီး ကျဲဆီသွားမယ်ကျဲစောင့်နေတယ်လုပ်လို့ ငါ့မှာမနည်းပြန်ဆွဲခေါ်လာရတယ်''

" ဟမ်တကယ်လား ငါကတော့ဘာမှမမှတ်မိပါဘူး မင်းလိမ်ပြောနေတာတော့မဟုတ်ဘူးမလား ''

" လိမ်ပြောလားမလိမ်ပြောလားသိချင်ရင်ဝရန်တာက တံခါးသာသွားကြည့် မင်းဝရန်တာဘောင်ပေါ်တက်ပြီး ခုန်မလို့လုပ်နေတာ တံခါးကလဲဘယ်လိုမှဖွင့်မရ ငါလဲတံခါးကိုရိုက်ချိုးပြီးမင်းကိုပြန်ခေါ်လာရတယ် ''

" ဘာမင်းတံခါးကိုချိုးလိုက်တယ်ဟုတ်လား''
ရှောင်ကျန့်ကအံသြတကြီးနဲ့မေးတော့ ရိပေါ်ကသူလုပ်ထားတာကိုဂုဏ်ယူတဲ့မျက်နှာနဲ့ ပြုံးပြုံးကြီးကြည့်လို့....

"ဟုတ်တယ်လေငါသာတံခါးကိုရိုက်မချိုးရင် အခုချိန်မင်း
ငါ့ရင်ခွင်ထဲမှာအခုလိုအေးဆေးနေရမယ်ထင်နေလား ခေါင်းတွေကွဲဦးနှောက်တွေထွက်ပြီးပုံဆိုးပန်းဆိုးနဲ့ သေနေလောက်ပြီ ''

" ဝမ်ရိပေါ် !! "

"စတာ စတာငါကမင်းကိုအသေခံခိုင်းပါ့မလားကွာ စတာစိတ်မဆိုးနဲ့ ''
ရိပေါ်ကရူးရူးရှဲရှဲနဲ့စိတ်ဆိုးသွားတဲ့သူ့အသက်လေးရဲ့
ခေါင်းကိုဖွဖွလေးနမ်းလိုက်တယ် ။

Mysterious Love ( Completed ) Where stories live. Discover now