Part -6 ~ Piano

12.6K 1.4K 97
                                    

Mysterious Love

Unicode

လင်းချန်ကကြောက်ကြောက်လန့်လန့်နဲ့အိပ်ရာဝင်သွားတာမို့ ဇီယီလဲလင်းချန်ကိုသေချာနှစ်သိမ့်ပေးပြီး သူလဲအိပ်ဖို့ပြင်လိုက်တယ် သူအခန်းမီးပိတ်လိုက်တဲ့ အချိန်မှာအနောက်ကတစ်ယောက်ယောက်ရပ်နေသလို ခံစားရတာမို့အနောက်ကိုလှည့်ကြည့်လိုက်ပေမယ့်ဘာမှမရှိ။

စိတ်ထင်တာနေမှာပါဆိုပြီး ကုတင်ပေါ်တက်ကာ လှဲအိပ်လိုက်တယ် သူလှဲအိပ်ပြီးသိပ်မကြာဘူး အိပ်ပျော်သွားတယ်

တစ်ခန်းလုံးအဖြူရောင်အငွေ့တွေနဲ့ ဖုံးလွှမ်းနေပြီး အိမ်ထဲကိုကြည့်လိုက်တော့ဘယ်သူမှမရှိဘူး
ဇီယီအခန်းထဲကနေထွက်လိုက်တော့ သူတို့အစည်းဝေးလုပ်တဲ့အခန်းထဲက စန္ဒယားသံကြားလို့ အသံကြားရာကိုလျှောက်လာခဲ့တယ် စန္ဒယားကြားလို့ စာကြည့်ခန်းအခန်းတံခါးကိုဖွင့်လိုက်တော့ အဖြူရောင်စန္ဒယားကြီးကိုတီးနေတဲ့အနီရောင်ဝတ်စုံကို ဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ။

" ဘယ်သူလဲ ဘယ်သူလဲလို့် ''

စန္ဒယားရဲ့တီးခတ်သံကရပ်တန့်မသွား သံစဉ်ကလဲ ဝမ်းနည်းရိပ်သန်းနေသယောင် ။သူရဲ့ဝမ်းနည်းမှုအားလုံးကို သံစဉ်တစ်ခုချင်းစီကဖော်ပြနေတယ် ။

စန္ဒယားကိုအတော်ကြာတီးခတ်နေတာကို ဇီယီအတော်ကြာရပ်ကြည့်နေလိုက်တယ် ။ သံစဉ်ဆုံးသွားတဲ့အခါထိုမိန်းကလေးက လက်နှစ်ဖက်နဲ့စန္ဒယားကိုရိုက်ချလိုက်တာမို့ စန္ဒယားသံကတစ်ခန်းလုံးပျံနှံလို့ ။


တေးသွားကိုတ်ီးလို့ပြီးသွားတဲ့ မိန်းကလေးကသူ့ကိုလှည့်ကြည့်လိုက်တယ် မျက်နှာတစ်ခုလုံးသွေးတွေနဲ့ ပြည့်နှက်နေပြီးခေါင်းမှသွေးများ စီးကျနေတဲ့ထိုမိန်းကလေးရဲ့အကြည့်များကအေးစက်နေပြီး ဇီယီကိုစိုက်ကြည့်နေတာမို့ ဇီယီလဲတုန်လှုပ်ပြီး အခန်းတံခါးကိုဖွင့်ဖို့လုပ်ပေမယ့်တံခါးကပွင့်မလာ ။
ထိုမိန်းကလေးကလဲသူ့ဆီကိုအေးစက်သက်အပြုံးကြီးနဲ့ လျှောက်လာတာမို့ကြောက်လန့်နေရပေမယ့်တံခါးကလဲ ပွင့်မလာတော့ဘူး ။

Mysterious Love ( Completed ) Where stories live. Discover now