Part -18 ~ Scream

10.8K 1.2K 69
                                    

Mysterious Love

Unicode

ရှောင်ကျန့်ဖုန်းဆက်ပြီးကားထဲသွားထိုင်နေလိုက်တယ် ကားထဲဖုန်းထိုင်သုံးနေရင်း အချိန်ကတဖြေးဖြေးကုန်မှန်း မသိကုန်လာတယ် ဝူလုံမြို့နဲ့သူတို့စံအိမ်ကတော်တော် လှမ်းတာမို့ကြာမှန်းသိပေမယ့်လာတဲ့သူကိုစောင့်နေရတာတကယ်ကိုအချိန်တွေကမုန်းစရာကောင်းလောက်အောင်ကိုကြာတယ်။

ရှောင်ကျန့်လဲကားထဲမှာစောင့်နေရင်းအချိန်တွေက ဘယ်လိုကုန်လို့ကုန်သွားမှန်းကိုမသိဘူး သူစောင့်နေရင်းကိုအိပ်ပျော်သွားတာပဲ ။

~~~~~~ဒေါက် ~~~~~~ ဒေါက်

ရှောင်ကျန့်တံခါးခေါက်သံကြားလို့ခေါင်းထောင်ကြည့် လိုက်တော့သူကားစီယာတိုင်ပေါ်မှာအိပ်ပျော်သွားတာပဲ ။သူဘေးကိုကြည့်လိုက်တော့အပြင်မှာရပ်နေတဲ့ သူမမြင်ချင်တဲ့သူတစ်ယောက်....

" မင်းက ကားပျက်တာတောင်အေးဆေးအိပ်နေနိုင်
သေးတယ်နော် ''

ရိပေါ်ကရှောင်ကျန့်နားကပ်ပြောတော့ ရှောင်ကျန့်မျက်စောင်းကရောက်လာတယ် ။

" အဟက်....''
ရိပေါ်ကခပ်ဟဟရယ်လိုက်ပြီးသူ့ဘေးကထွက်သွားပြီး သူခေါ်လာတဲ့အလုပ်သမားတွေကိုစကားသွားပြော နေတယ် ။

"ကားကရုတ်တရက်ကြီးဘာဖြစ်တာလဲ ''

" ကားရေတိုင်ကီပျက်သွားတဖြစ်မယ်ဆရာ ကားအပူပေးစက်ကheatတက်ပြီးရေတိုင်ကီကို
လျှော့ထိသွားတာဖြစ်မယ်ကားဒိုင်ခွက်မှာလဲH ဖြစ်နေတယ်''

" အခုပြင်ရင်ဘယ်လောက်ကြာမာလဲ ''

" အနည်းဆုံးသုံးနာရီလောက်ပဲ ''

ထိုကားပြင်တဲ့ဆရာပြောပြီးရိပေါ်ကရှောင်ကျန့်ဘက်ကို လှည့်တယ်

" ဘယ်လိုလဲအခုဒီမှာပြင်ခိုင်းမှာလားဒီမှာပြင်ရင်နောက်
သုံးနာရီလောက်ကြာဦးမှာအခုကဝူလုံမြို့ထဲပဲရှိသေး တယ် မြို့ထဲပြန်ဝင်ရင်နှစ်နာရီလောက်မောင်းရဦးမှာ အခုပဲည၇နာရီထိုးတော့မယ် ''

" ဒီမှာမပြင်ရင်ဘယ်မှာပြင်မှာမို့လို့လဲ ''

" ဆွဲတဲ့ကားပါတယ် ''
ရိပေါ်ကရှောင်ကျန့်အနောက်ကကားတွေဆွဲတဲ့ကားကို မေးဆက်ပြလိုက်တယ်

Mysterious Love ( Completed ) Where stories live. Discover now