Holloween Special

9K 925 40
                                    

Mysterious Love

Unicode

Xiao Han's Side

ရှောင်ဟန်ဒေါသထွက်ထွက်နဲ့မင်အာ့ကို ဓားနဲ့ထိုးမိပြီး ကိုယ့်ကိုယ်ကိုဆောက်တည်ရာမရဖြစ်ပြီးစံအိမ်ထဲမှာ လူသတ်မှုဖြစ်ထားတာတွေ ဘာသဲလွန်စမှမတွေ့ရ အောင်ရှင်းလင်းပြီးစံအိမ်ကနေအမြန်ထွက်လာခဲ့တယ် ။ချုံချင်မြို့ထဲကဟိုတယ်တစ်ခုမှာတည်းလိုက်ပြီး စိတ်တွေကယောင်ခြောက်ခြားနဲ့ ။

" ဟင့်အင်း ငါကမင်အာကိုသေစေချင်လို့မဟုတ်ဘူး ငါက ငါက ဒီတိုင်းမတော်တဆဖြစ်တာ ''

ရှောင်ဟန်လူကြားထဲသူမသတ်ခဲ့သလိုဟန်ဆောင်နေရင်း အချိန်တွေကြာခဲ့တယ်သူစံအိမ်ဆီကိုပြန်သွားဖို့လုပ်ခဲ့ ပေမယ့်သူ့ရဲ့သတ္တိကဘယ်လိုမှမရှိတာကြောင့် သူအဝေးကနေပဲနေခဲ့တယ်သူမင်အာ့ကိုသတ်ခဲ့တဲ့ အတွက်ဘယ်လိုမှမနေဘူးဆိုရင်လိမ်ရာကျမှာပေါ့

သူချစ်ခဲ့မိတဲ့သူ၊ သူစွမ်းလမ်းခဲ့ရတဲ့သူကိုသူကိုယ်တိုင် သူလက်နဲ့သတ်ခဲ့မိပါလားဆိုတဲ့စိတ်က သူ့ကိုအကြိမ်ကြိမ်သတ်နေသလိုသူဘယ်လိုမှမေ့ဖျောက် လို့မရတဲ့သူ့ဘဝရဲ့အမည်းစက်ကြီးသူဒီအခြေနေတွေနဲ့ နေသားကျအောင်နေဖို့ကြိုးစားခဲ့ပြီးမှ

" ဒီနေ့ရုံးမှာမန်နေဂျင်းအသစ်ပြောင်းလိုက်လိုက်တယ်တဲ့ ''

"ဟုတ်လားဘယ်သူလဲအဲ့နေရာက လွတ်နေတာကြာပြီမလားဥက္ကဌရဲ့သမီးနေရာလေ ''

"ဟုတ်တယ်အခုကဥက္ကဌရဲ့သားလေနိုင်ငံခြားက ပြန်လာတာတဲ့သူ့ကအဲ့နေရာမှာတန်းရသွားတာ ''
ရှောင်ဟန့်ဘေးနားမှာအခြားဝန်ထမ်းတွေ စကားပြောနေတာကြားပေမယ့်လဲ ကိုယ်နဲ့မဆိုင်တာမို့တိတ်တိတ်လေးငြိမ်ပြီး အလုပ်လုပ်နေလိုက်တယ် ။

"အဲ့မန်နေဂျင်းအသစ်ကချုံချင်ကresort ကိုပြန်ကိုင်မှာတဲ့ ''

"ဘာ ''
ရှောင်ဟန်ရဲ့အသံကြောင့်စကားပြောနေတဲ့ အခြားဝန်ထမ်းနှစ်ယောက်လန့်သွားတယ် ။

Mysterious Love ( Completed ) Where stories live. Discover now