Part-40 ~Twin Flame 🚨🔞

16.4K 1.3K 134
                                    

Mysterious Love

Unicode

This part is rated part if ur not old enough you shouldn't read it !!! 🔞🚨

ဆေးရုံရဲ့ခေါင်မိုးထပ်မှာလေတဖြူးဖြူးနဲ့ကောင်လေး နှစ်ယောက်ဟာလဲတစ်ယောက်ကိုတစ်ယောက် လွတ်ထွက်သွားမှာအလားဖက်တွယ်ထားလို့ ။

" အရူးကောင် မင်းကငါ့ကိုစိတ်ပူအောင်ကိုလုပ်တယ် ''

ရှောင်ကျန့်ကရိပေါ်ရင်ဘတ်ကိုခပ်ဖွဖွရိုက်လိုက်တယ်

" အား.... ''

"ဘာလို့လဲ နာလို့လား ''

" ဟင့်အင်း ဘာမှမဖြစ်ပါဘူး ''

ရိပေါ်ကရှောင်ကျန့်ရိုက်လိုက်တဲ့နေရာကိုလက်နဲ့ အုပ်လိုက်တာမို့လို့် ရှောင်ကျန့်ကရိပေါ်အုပ်ထားတဲ့ လက်ကိုဖယ်ပြီးကြည့်လိုက်တော့ ဗိုက်ရဲ့အထက်နားမှာသွေးတွေထွက်နေတယ် ။

" ရိပေါ်သွေးတွေ ''

" အင်းကိုယ်ဘာမှမဖြစ်ပါဘူး ''
ရိပေါ်ကဘာမှမဖြစ်ဘူးသာပြောပေမယ့် မေ့လဲမတက်ဖြစ်သွားတာကြောင့် ရှောင်ကျန့်ရိပေါ်ကိုလှမ်းဆွဲလိုက်ရတယ် ။

" ရိပေါ် ရိပေါ် ဘာဖြစ်တာလဲ ''

ရိပေါ်ကမေ့လဲသွားတာကြောင့်ရှောင်ကျန့်ရိပေါ်ကိုတွဲပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ် ဆေးရုံဝတ်စုံနဲ့ရိပေါ်ကို တွဲလာတဲ့ရှောင်ကျန့်ကိုတွေ့တော့နပ်စ်မလေးတွေက အထူးအဆန်းလိုဝိုင်းကြည့်လို့

" ဒီမှာသတိလစ်သွားလူကိုတွေ့တာကို မြန်မြန်ဆရာဝန် သွားမခေါ်သေးဘူး ''
ရှောင်ကျန့်ကအော်လိုက်မှသူတို့ကိုဝိုင်းကြည့်နေတဲ့ သူနာပြုမလေးတွေလဲလှုပ်လှုပ်ရှားရှားဖြစ်သွားတယ် ။

" လူနာကပြင်ပထိခိုက်ဒဏ်များလို့သတိမေ့သွားတာပါ ထိခိုက်တဲ့နေရာတချို့ကိုလဲ ကျွန်တော်ချုပ်ပေးထားပါတယ် ''

တာဝန်ကျဆရာဝန်ငယ်လေးကမျက်နှာငယ်လေး
နဲ့ပြောတယ် ။

" မင်းတို့မနက်ကစမ်းသပ်တော့သေပြီဆိုဟမ် ငါသာ မင်းတို့စကားကိုယုံပြီးငါ့လူကိုသာအလောင်းသွင်းတဲ့ အထဲထည့်လိုက်ရင်ငါ့လူကမဆီမဆိုင်ထိခိုက်ရဦးမယ် မင်းတို့အားလုံးကိုတရားစွဲပစ်မယ် ''

Mysterious Love ( Completed ) Where stories live. Discover now