Part -7~ Argument

11.4K 1.3K 32
                                    

Mysterious Love

Unicode

ရှောင်ကျန့်ဆိုက်ထဲကပြန်လာပြီးတည်းက ရင်တွေတုန်နေတုန်းပဲ ရှောင်ကျန့်လုံခြုံရေးဦးထုပ်ကို ကားထဲမှာချွတ်ခဲ့လိုက်ပြီးအိမ်ထဲဝင်လိုက်တယ် ။

" အာ....မန်နေဂျင်းပြန်ရောက်ပြီလား ''

ဧည့်ခန်းမှာထိုင်ပြီးအလုပ်ထိုင်လုပ်နေတဲ့ လင်းချန်ကနှုတ်ဆက်လိုက်တယ် ။

" အင်း ပြန်ရောက်ပြီ ဇီယီရော ''

"ခုနကပဲအလုပ်လုပ်ပြီးလို့ အထဲဝင်နားနေတယ်နေသိပ်မကောင်းချင်လို့တဲ့ ''

"အာ...ဟုတ်လား ''

ရှောင်ကျန့်ကနေ့လည်စာလုပ်ဖို့မီးဖိုချောင်ထဲဝင်သွားပြီး နေ့လည်စာပြင်ဖို့လုပ်ပေမယ့်မီးဖိုချောင်ထဲမှာဘာမှကို မတွေ့ဘူး ။

" မန်နေဂျင်း ဘာရှာနေတာလဲ ''

"ခေါက်ဆွဲပြုတ်စားမလားလို့လေ ဒါနဲ့ဘာလို့ တစ်ခုမှမတွေ့တာလဲ ''

"အာ...အဲ့ဒါကကုန်နေတာကြာပြီ မန်နေဂျင်းကျွန်မသွား ဝယ်ပေးရမလား ''

"ရတယ် ကျွန်တော်ပဲသွားလိုက်မယ် မြို့ထဲလဲဝယ်စရာလေးရှိသေးလို့ ''

ရှောင်ကျန့်အပေါ်ကုတ်အကျီကိုချွတ်ခဲ့ပြီး ကားသော့နဲ့ပိုက်ဆံအိတ်ကိုယူကာအိမ်အပြင်ပြန် ထွက်လာခဲ့တယ် ။

" မန်နေဂျင်း ဘယ်သွားမလို့လဲ ''

" အင်း မြို့ထဲကိုပါ မင်းရောဘာမှာစရာရှိလို့လဲ ''

"ကျွန်တော်ပါလိုက်ခဲ့ပေးရမလား တစ်ယောက်တည်းဖြစ်နေမှာပဲ''

" အင်းလိုက်ခဲ့လေအဖော်ရတာပေါ့ ''

"ကျွန်တော်ကားမောင်းပေးပါ့မယ်မန်နေဂျင်း ''

"ဒါဆိုလဲကျွန်တော်သက်သာတာပေါ့ ''

ရှောင်ကျန့်ကကားသော့ကိုရှောင်ဟန်ကိုပေးလိုက်တယ် ။

" မန်နေဂျင်း နဲ့ခေါင်းဆောင်ဟန်ကဘယ်သွားတာလဲ ''

"ဟမ်နေ့လည်စာစားဖို့ ဘာမှမရှိလို့ဈေးသွားတယ် ''

"ဒါနဲ့ မန်နေဂျင်းအမကတရုတ်မှာမဟုတ်လို့ weibo မသုံးတာများလား ''

Mysterious Love ( Completed ) Where stories live. Discover now