Part -39 ~ Tears

10.7K 1.3K 116
                                    

Mysterious Love

Unicode

မနက်နေရောင်ခြည်လေးတက်လာပြီး အိမ်ထဲမှာတော့ဖန်ကွဲများသွေးတွေနဲ့ပြန့်ကြဲလျက်

" ဖုန်းလိုင်းတွေပြန်ရပြီ ''

" အမြန်ဆေးရုံကားခေါ်လိုက် ''

ရန်ဖေးကယွီပင်းကိုပြောလိုက်တယ် ။

" ဖာသာကျွန်တော့်ကျဲ(ဇီယီ) ဘယ်လိုနေသေးလဲဟင် ''

ဖာသာကလဲကျနေတဲ့ဇီယီရဲ့အနားကိုသွားစစ်ကြည့် လိုက်တယ် ။

" အင်းလောလောဆယ်ခန္ခာထဲကထွက်သွားပြီ ဒါပေမယ့် ဝိဉာဉ်ကအငြိုးကြီးတော့နှိမ်နင်းဖို့လိုသေးတယ် သူကဘယ်ဟာမှာကပ်နေမှန်းမသိသေးတာခက်တယ် ''

ဖာသာကတွေးဆဆနဲ့ပြောလိုက်ပြီးဇီယီရဲ့လည်ပင်းမှာ လက်ဝါးကပ်တိုင်လည်ဆွဲလေးဆွဲပေးလိုက်တယ် ။

" ကျွန်တော်သိတယ်ဖာသာ ''

ရှောင်ကျန့်ကတိတ်နေရာကနေထပြောလိုက်တယ် ။

" အပေါ်ထပ်ထောင့်ဆုံးအခန်းကပန်းချီကားပဲ ''

" ဟမ်...'' ''ဟင် ''
အားလုံးကအံသြသွားကြတယ် ။

"ယွီပင်းကျေးဇူးပြုပြီးသွားယူပေးပါလား ကျွန်တော်ရိပေါ်နားကမသွားနိုင်လို့ ရိပေါ်ကကျတော်ဘေးမှာအတူရှိနေရင်နိုးချင်နိုးလာမှာ ''

ချစ်ရသူကိုဆုံးရူံးထားတာဆိုတော့ ဘယ်သူမဆိုသောက ရောက်ပြီးမဖြေဆည်နိုင်တာနားလည်တာကြောင့် ယွီပင်း တစ်ယောက်တည်းအပေါ်ကိုတက်လာခ့ဲလိုက်တယ် ။

ထိုထောင့်ဆုံးအခန်းထဲကပန်းချီကားကိုတွေ့လိုက်တယ် အင်္ကျီအနီနဲ့ကျက်သရေရှိပီးလှပတဲ့မိန်းကလေးက အခုလိုဒုက္ခပေးလိမ့်မယ်လို့မထင်ရက်စရာပဲ ၊ယွီပင်းလဲ ပန်းချကားကိုယူပြီး အောက်ကိုဆင်းလာခဲ့လိုက်တယ် ။

" ဖာသာပန်းချီကားကိုယူလာပါပြီ ''

" အင်း ''

ယွီပင်းကပန်းချီကားထောက်တိုင်နဲ့အတူပန်းချီကား ကိုသေချာချလိုက်တယ် ဖာသာကပန်းချီကားကိုသေချာ ကြည့်လိုက်ပြီး...

Mysterious Love ( Completed ) Where stories live. Discover now