Part-17 ~ Mansion

10.6K 1.2K 43
                                    

Mysterious Love

Unicode

ရှောင်ကျန့်စံအိမ်ထဲကတွေ့တဲ့ဖုန်းကိုပြင်ဖို့မြို့ထဲထွက်လာခဲ့တယ် တော်သေးတာကမြို့ထဲမှာဖုန်းservice centerရှိလို့ ။

" အကိုဖုန်းကမှန်လဲကွဲနေပြီအတော်လဲပျက်နေပြီမို့လို့ တော်တော်လေးပြန်ပြင်ရမှာအချိန်တော့နည်းနည်း ကြာမယ်''

" ရတယ်ကြာရင်ကြာပါစေ ဒီဖုန်းပြန်ကောင်းဖို့ပဲလိုတယ် အရေးကြီးလို့ ''

ရှောင်ကျန့်ဖုန်းကိုပြင်ဖို့အပ်ခဲ့ပြီးအပြင်ကိုထွက်လာ ခဲ့တယ်

" မန်နေဂျင်းမန်နေဂျင်းမလား မြို့ထဲလာတာလား ''

" အာ....ဝမ်ဟောက်ရွှမ်း ဟုတ်တယ်ဗျကိစ္စလေးရှိလို့လေ''

" မြို့ထဲရောက်တုန်းကျတော်လိုက်ကျွေးပါ့မယ် အော် ဒါကကျွန်တော့်ချစ်သူဗျ ''
ဟောက်ရွှမ်းကသူ့ဘေးကကောင်လေးတစ်ယောက်ကို
သူ့ချစ်သူပါမိတ်ဆက်ပေးတော့ရှောင်ကျန့်အနည်းငယ် အံသြွားပေမယ့်သူနော်ဝေးမှာနေတုန်းကလဲ ဒီလိုမျိုးတွေမြင်ဖူးတာမို့သိပ်တော့ထူးဆန်းမနေဘူး

" ကျွန်တော်ကလိင်တူကြိုက်တယ်ဆိုပြီး အထင်သေးသွားတာလား ''
ဟောက်ရွှမ်းကရှက်ရှက်နဲ့ဂုတ်ကိုလက်နဲ့ပွတ်ပြီး ပြုံးပြတယ်

" အာ...မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်အဲကျွန်တော်လဲ နော်ဝေးမှာနေတုန်းကဒါမျိုးတွေမြင်ဖူးပါတယ် ဒီမှာကျသိပ်မမြင်ရလို့အံသြသွားရုံပါအထင်မသေးပါဘူး
ကျွန်တော်ကရှောင်းရှောင်ကျန့်ပါတွေ့ရတာဝမ်းသာပါတယ် ''

ရှောင်ကျန့်ကဟောက်ရွှမ်းရဲ့ချစ်သူကိုလက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်တယ် ။

" ဟုတ်ကဲ့ကျွန်တော်ကစုန်ကျိရန်ပါ တွေ့ရတာဝမ်းသာပါတယ်မန်နေဂျင်းရောက်တုန်း ကျတော်တို့ဧည့်ခံပါရစေ ''

" မဟုတ်တာဗျာရပါတယ် ''
ရှောင်ကျန့်ကငြင်းပေမယ့်ဟောက်ရွှမ်းတို့ကအတင်းခေါ်တာမို့သူလဲမငြင်းတော့ဘဲလိုက်သွားလိုက်တယ် ။

" ဒီခေါက်ဆွဲဆိုင်ကဒီမြို့မှာအကောင်းဆုံးဗျ မန်နေဂျင်းအစပ်စားနိုင်ရဲ့လား ''

Mysterious Love ( Completed ) Where stories live. Discover now