Part-32 ~Sleep Walking

9.9K 1.3K 105
                                    

Mysterious Love

Unicode

ရိပေါ်နဲ့ရှောင်ကျန့်နှစ်ယောက်သား ဈေးဝယ်ပြီးစံအိမ်ကို ပြန်လာခဲ့ကြတယ် ရှောင်ကျန့်မတွေးဘူးလို့လုပ်ထား ပေမယ့်သူရဲ့အမအကြောင်းကခေါင်းထဲရောက်လာ ပြန်တယ်
' ကျဲက ဦးလေးကြီးပြောသလိုတကယ်ပဲသေသွားပြီလား ပျောက်နေတာရောမဖြစ်နိုင်ဘူးလား ပါးတို့သိရင် ဘယ်လိုနေကြမလဲရူးချင်တယ် ဟုတ်တယ် ပါး ပါးကိုပြောရမယ် ပါးသာသိရင်အရမ်းစိတ်မကောင်းဖြစ် မယ်ထင်တယ် ငါဘာလုပ်သင့်လဲ '

ရှောင်ကျန့်သူ့ရဲ့ဖုန်းကိုထုတ်ကာတစ်ခုခုကိုရှာလိုက်တယ် သူ့ရဲ့ကျဲအကြောင်းကိုသူအခုထက်ပိုပြီးစုံစမ်းဖြစ်မယ် ။

" ရှောင်ကျန့် ကိုယ်တို့ညစာဘာစားကြမလဲ ''

" ....... ''

" ရှောင်ကျန့်! "

" ဟမ်...ရိပေါ်ဘာပြောလိုက်တာလဲ ''

" ညစာဘာစားမာလဲလို့ ''

" ခုနကဝယ်လာတာတွေရှိတာပဲ အဲ့ဒါနဲ့ညစာတခုခုလုပ်လိုက်မယ်လေ ''

" မင်းကချက်တက်လို့လား ''

" အမယ် မင်းကအထင်သေးတာလားငါကဒီကို ပြန်မရောက်ခင်နော်ဝေမှာမားနဲ့အတူချက်ပြုတ် စားသောက်ပြီးနေလာတာ ဒီမှာလိုသခင်လေးဘဝမဟုတ်ဘူး ''

" ဟိုမှာမားနဲ့နှစ်ယောက်တည်းနေတာလား ''

" ဟုတ်တယ်ဟိုမှာမားနဲ့ငါနှစ်ယောက်တည်းမားကလဲ ပါးနဲ့ကွာရှင်းပြီးတည်းကလုံးဝကိုအဆက်သွယ် မလုပ်တော့တာ မားကမာနကြီးတာလဲပါတော့ အဲ့တော့မားကဟိုမှာအလုပ်လုပ်ငါ့ကိုကျောင်းထားပြီး အေးအေးချမ်းချမ်းနေတာမားဆုံးတော့မှပါးက ငါ့ကိုဒီကိုပြန်ခေါ်တာဒီကိုပြန်ရောက်တော့နေ့ချင်းညချင်းကိုဖူးဖူးမှုတ်ခံရတဲ့သူဌေးသားဖြစ်သွားတာ အကုန်လုံးကသခင်လေး သခင်လေးနဲ့ပဲ ''

" အော် ကိုယ်ကမင်းငယ်ငယ်ထဲကရွှေဇွန်းကိုက်ပြီးမွေး
လာတယ်ထင်တာ ''

"အဲ့ဒါကြောင့်မင်းငါ့ကိုစစတွေ့ချင်းတုန်းကအမြင်ကပ်ပြီး အနိုင်ကျင့်တယ်ပေါ့ ''

" အနိုင်ကျင့်တာရယ်တော့မဟုတ်ပါဘူး မြင်မြင်ချင်းကြွေသွားတယ်ပဲပြောရမှာပေါ့ ''

Mysterious Love ( Completed ) Where stories live. Discover now