Part-31 ~Past (2)

10K 1.3K 111
                                    

Mysterious Love

Unicode

မနေ့ကညထဲကမိုးတွေသည်းထန်စွာရွာထားတာကြောင့် စံအိမ်ကိုလာတဲ့လမ်းတလျှောက်ရေများအိုင်ထွန်းနေတာမို့ လမ်းကိုသတိထားပြီးလျှောက်လာရတယ် ။

ခြံစောင့်ယဲ့နဲ့အတူသောက်မယ်ပြောထားပြီးမှ သူ့ရဲ့သမီးရောက်လာတာကြောင့်မနေ့ညကစံအိမ်ဆီ မသွားဖြစ်တာမို့မနက်စောစောသူ့သမီးလုပ်ထားပေးတဲ့ ဆန်ပြုတ်ဗူးကိုယူပြီးအလုပ်သမားအိမ်ရာတွေ ဘက်ကိုလျှောက်လာတယ် ။

" ဟေ့ ခြံစောင့်ယဲ့ရေ ခြံစောင့်ယဲ့ ''
သူအိမ်တွေဘက်လိုက်အော်ခေါ်သော်လည်း ဘယ်သူမှမတွေ့ ။

" ဒီလူကြီးကတော့မနက်အစောကြီးထဲက သန့်ရှင်းရေးတွေလုပ်နေပြန်ပြီလားမသိဘူး ''

အိမ်ထဲမှာဆန်ပြုတ်ဗူးတွေထားခဲ့ပြီးခြံထဲများသန့်ရှင်းရေးလုပ်နေမလားဆိုပြီး ခြံထဲလိုက်ရှာကြည့်လိုက်တယ် ၊သူရေကူးကန်ဘက်အကျော်ထိလျှောက်လာပြီး အောက်ဘက်ကိုကြည့်တော့သွေးအိုင်ထဲမှာလဲနေတဲ့ ခြံစောင့်ယဲ့ ။

" ခြံစောင့်ယဲ့ ခြံစောင့်ယဲ့ ဟာ ခေါ်လို့လဲမရဘူး ''

သွေးအိုင်ထဲလဲနေတဲ့ ခြံစောင့်ယဲ့ကိုဘယ်လိုမှခေါ်မရတာ ကြောင့်ဖုန်းကိုထုတ်ပြီးအရေးပေါ်ဖုန်းကိုဆက်လိုက်တယ်
ခြံစောင့်ယဲ့ကိုလဲကျနေတဲ့နေရာကနေကုန်းပိုးကာ
ရေကူးကန်ဘေးကpool chairမှာတင်လိုက်ရတယ်
ခဏကြာတော့လူနာတင်ကားရောက်လာတာမို့လို့ လိုက်သွားဖို့လုပ်ပေမယ့်စံအိမ်ကိုစောင့်ဖို့ လူမရှိတာကြောင့်နေခဲ့လိုက်ရတယ် ။

ခြံစောင့်ယဲ့လဲကျရာနေရာကိုကြည့်လိုက်တော့ ဖန်ကွဲတွေနဲ့သွေးများကရောနှောလျက် ၊သူအပေါ်ကိုမော့ကြည့်လိုက်တော့စံအိမ်ရဲ့ အပေါ်ထပ်ထောင့်ဆုံး မမလေးအခန်းကမှန်တွေကွဲ နေတာမြင်လိုက်တယ် မှန်ကွဲနေတဲ့အခန်းကိုမော့ကြည့်
လိုက်တော့ပြတင်းပေါက်နားမှာ လူရပ်နေတာ ဖြတ်ခနဲတွေ့လိုက်တာကြောင့် သူသေချာပြန်ကြည့်တော့ ဘာမှမတွေ့တော့တာကြောင့်စိတ်ထင်တာနေမှာပါဟုသာ ဖြေသိမ့်ပြီးစံအိမ်အခြေနေကိုကြည့်ဖို့ အိမ်ထဲဝင်လိုက်တယ် ။

Mysterious Love ( Completed ) Where stories live. Discover now