Part-16~Broken Photo

11.3K 1.3K 48
                                    

Mysterious Love

Unicode

ရှောင်ကျန့်အခန်းထဲကထွက်သွားတဲ့တိုင်ရိပေါ်မှာ အခန်းထဲမှာငူငူကြီးဖြစ်နေတုန်းမျက်စိတမှိတ်အတွင်း
ဖြစ်ပျက်သွားတာတွေကအိပ်မက်လိုပဲအရာအားလုံးက လက်တွေ့မဆန်လွန်းဘူးသူခုနကကြုံလိုက်ရတဲ့အရာက သဘာဝလွန်ဖြစ်ရပ်လား ?အိမ်မက်လား ?

ရေချိုးခန်းထဲကရေပန်းကိုဖွင့်ပြီးတော်တော်ကြာတဲ့အထိ မလှုပ်မယှက်ဘဲတွေဝေမိနေတုန်းပဲပန်းချီကားရယ် မှန်ရယ် အနီရောင်ဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ရယ် ဒါတွေက ဘာတွေလဲသူများတွေပြောတဲ့သရဲ ဆိုတာများလား ? မဖြစ်နိုင်တာဒီလိုခေတ်ကြီးထဲမှာ ဒါတွေကယုံနိုင်စရာအကြောင်းမှမရှိဘဲ...

ရိပေါ်မျက်လုံးကိုမှိတ်ပြီးခေါင်းကိုရေကျတာခံယူနေတုန်း

~~~~~~ ရိပေါ် ~~~~ ကိုကို ~~~~

တကယ်ကိုမှတိုးတိုးလေးခေါ်ပေမယ့်ရိပေါ်ရဲ့နားနားကနေ ဖြတ်ပြီးပြောသလိုမျိုးစကားပြောတဲ့အသံကို
ကြားလိုက်ရတယ် ရိပေါ်သူကြားလိုက်ရတာ မသေချာမှာစိုးလို့ရေပန်းကိုပိတ်လိုက်တော့ မိန်းကလေးတစ်ယောက်ရဲ့ငိုကြွေးသံကို ကြားလိုက်ရတာမို့ရေချိုးခန်းထဲဝေ့ကြည့်ပေမယ့် ရှင်းလင်းနေတဲ့ရေချိုးခန်းထဲသူကလွဲပီးရှင်းလင်းနေတဲ့ ရေချိုးခန်း....

ရိပေါ်တဘတ်ကိုခါးမှာပတ်ပြီးရေတောင်မသုတ်နိုင်ဘဲ
ရေချိုးခန်းထဲရောအိပ်ခန်းထဲထိပါလိုက်ကြည့်ပေမယ့် အသံပိုင်ရှင်ကိုလဲမတွေ့ရသလိုဘယ်အရာကိုမှမတွေ့ရတာကြောင့်ထူးဆန်းတဲ့အရာကို အတည်ပြုဖို့အောက်ကိုဆင်းလာတယ်

ရိပေါ်ရေစိုစက်လဲ့ကြီးနဲ့အောက်ထပ်ကိုဆင်းလာပြီး ထမင်းစားခန်းကိုသွားကြည့်တော့ရှာနေတဲ့သူကမရှိ ။

" ခေါင်းဆောင်ဝမ် ဘာရှာတာလဲ ''

" ရှောင် အာ မန်နေဂျင်းကိုပါသူဘယ်သွားလဲ ''

" ခုနကဧည့်ခန်းမှာတွေ့လိုက်သလိုပဲ ''
ဇီယိပြောတာကြားပြီးရိပေါ်ကချက်ချင်းပဲထွက်သွားတယ်

" ဝါး ဝါး မိုက်လိုက်တာ six packတွေနဲ့ ''

" ကျဲ မြင်လိုက်လားမြင်လိုက်လား ကြွက်သားတွေနဲ့ ''

Mysterious Love ( Completed ) Wo Geschichten leben. Entdecke jetzt