Part-24~Dating (2)

11K 1.3K 108
                                    

Mysterious Love

Unicode

ရှောင်ကျန့်တစ်ယောက် hotpotစားနေတုန်း ရိပေါ်ကတော့ရှောင်ကျန့်စားနေတာကိုပဲကြည့်နေခဲ့တယ်သူ့ကိုပဲတစ်ချိန်လုံးကြည့်နေတာမို့လို့စားရတာတောင် မျိုမကျချင်ဘူး

" ဝမ်ရိပေါ်မင်းဘာလို့ငါ့ကိုပဲကြည့်နေတာလဲ ကိုယ့်ဘာသာစားလေ ''

" မင်းငါ့ကို ကြိုက်တယ်မလား ''

" ဖလူး....အဟွတ်...အဟွတ် ''

ရှောင်ကျန့်အအေးသောက်နေတဲ့အချိန်ရိပေါ်ရဲ့စကား ကြောင့်သောက်နေတာတွေပါသီးသွားပြီးရိပေါ်ကိုပါ အအေးတွေစင်ကုန်တယ် ။

" အာ သွေ့ပုချိ ငါတမင်လုပ်တာမဟုတ်ဘူး ''

"ရတယ်အဓိက ကမင်းငါ့ကိုပြန်ကြိုက်ဖို့ပဲ ''

"မင်းနဲ့ငါကသိလို့လား ''
ရှောင်ကျန့်ကမျက်စောင်းထိုးလိုက်ပြီးဆက်စားနေတယ်
ရိပေါ်ကအပြုံးကြီးပြုံးလိုက်ပြီးထရပ်လိုက်တယ် ။

"ဘယ်သွားမလို့လဲ ''

"ပိုက်ဆံရှင်းမလို့လေ အာ မင်းကငါနဲ့မသိဘူးဆိုတော့ သက်သက်ရှင်းလိုက်လေနော် ''

ရှောင်ကျန့်ကရိပေါ်လက်ကိုဆွဲလိုက်တယ် ။
"ငါဘာမှပါမလာဘူးလေကွာ မင်းဆွဲခေါ်လာလို့ငါဘာမှ
မယူဘဲလိုက်လာတာလေ ''

"အဲ့ဒါကိုမင်းကဆိုင်ကလူတွေပြောပြလိုက်လေ သူတို့ကမင်းကိုနားလည်ပေးရင်မင်းပြန်ပေါ့ ''

"ဝမ်ရိပေါ် မင်းမယုတ်မာနဲ့နော် ''

"ငါမင်းကိုဘာမှမယုတ်မာဘူးလေ hotpotဆိုင်ထဲက ပိုက်ဆံမရှင်းဘဲထွက်သွားတဲ့ရှောင်အုပ်စုကသူဌေးသား ဆိုပြီးနာမည်မထွက်ချင်ရင်ကိုယ့်ကိုအဖြေပေးလိုက်နော် ဘေဘီ ''

ဝမ်ရိပေါ်ကသူ့အားမကိုးရင်လုပ်စရာမရှိဘူးနော်ဆိုတဲ့ သဘောမျိုးနဲ့ပခုံးတောင်တွန့်ပြလိုက်သေး ။

ရှောင်ကျန့်ဒီကိုရောက်ထဲကအဖွားပေးထားတဲ့ကဒ်ရယ် ငွေသားရယ်ပဲသုံးနေတာမို့သူ့ဖုန်းထဲကနေတဆင့် ပေးရတဲ့wechat moneyတွေဘာတွေ မထည့်ရသေးဘူး ကဒ်ပဲသုံးနေတဲ့သူဆိုတော့ မလိုအပ်ဘူးထင်လို့မထည့်ထားတာလဲပါတယ် ။

Mysterious Love ( Completed ) Where stories live. Discover now