Part-5 ~Picture

13.1K 1.5K 69
                                    

Mysterious Love

Unicode

ရိပေါ်အစည်းဝေးလုပ်တုန်းက ကျန်ခဲ့တဲ့ဆောက်လုပ်ရေးဒီဇိုင်းစာရွက်တွေလာယူတုန်း
'ဗုန်း' ဆိုပြီးရေထဲတစ်ခုခုကျသံကြားတော့ ရိပေါ်ခြံထဲသွားကြည့်တယ် ရေကူးကန်ထဲမှာ ရေနစ်မလိုဖြစ်နေတဲ့ရှောင်ကျန့်ကိုမြင်လိုက်ရတာမို့ ရိပေါ်သူ့အပေါ်ကုတ်အကျီကိုချွတ်လိုက်ပြီး ရေထဲပြေးဆင်းသွားလိုက်တယ် ။

ရေနစ်နေတဲ့ရှောင်ကျန့်ကိုကယ်ဖို့လုပ်ပေမယ့် ရုန်းကန်နေတာမို့ ရိပေါ်လက်မောင်းကိုကုတ်မိသွားပြီး သွေးပါထွက်သွားရတယ် ရှောင်ကျန့်ရေထဲမှာ ရုန်းနေရင်းနဲ့နောက်မှာတော့မေ့သွားရတယ် ။

ရိပေါ်မှာရှောင်ကျန့်ကိုခက်ခက်ခဲခဲကယ်လာရပြီးကုန်းပေါ်ရောက်တဲ့ထိ သတိမရသေးတာမို့ရှေးဦးသူနာပြုစုနည်းနဲ့ ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ဖိပြီး CPR လုပ်သော်လည်းအသက်မရူသေးတာမို့ နှုတ်ခမ်းချင်းတေ့ကာလေသွင်းပေးလိုက်ရတယ် ။ သုံးလေးချက်လောက်CPRလုပ်အပြီးမှာရှောင်ကျန့် ပါးစပ်ထဲကနေရေတွေပြန်ထွက်လာတယ် ။

" အဟွတ်...အဟွတ်...''

ရိပေါ်ကတော့ရေထဲမှာဆင်းကယ်ရတာရယ် CPRလုပ်ပေးလိုက်ရတာရယ်ကြောင့် မောပြီးထိုင်နေလိုက်တယ် ။

" အသက်ရှင်သေးတယ်ပေါ့ ''

"မင်း...မင်း ဘယ်လိုလုပ်ရောက်လာတာလဲ ''

" စောက်ရူးတစ်ယောက်ရေထဲယက်ကန်ယက်ကန် ဖြစ်နေလို့ကယ်လိုက်ရတာလေ ကယ်လဲကယ်ရသေး ဒဏ်ရာလဲပေးသေး''

" မင်းကိုဘယ်သူကကယ်ခိုင်းလို့လဲ ''

"အေးဟုတ်တယ် မင်းသေသေရှင်ရှင်ပစ်ထားလိုက်သင့်တာ''
လို့ပြောပြီးရိပေါ်ကသူ့ကုတ်အကျီကိုရေစိုနေတဲ့ရှောင်ကျန့်ပေါ်ပစ်ပေးလိုက်ပြီးထွက်သွားတယ် ။

ရှောင်ကျန့်လဲသူ့ကိုပြစ်ပေးလိုက်တဲ့ ကုတ်အကျီကိုခြုံလိုက်တယ်သူမတ်တပ်ရပ်ပြီးအပေါ်ထပ်ကိုမော့ကြည့်လိုက်တယ် ။

Mysterious Love ( Completed ) जहाँ कहानियाँ रहती हैं। अभी खोजें