Part -4~ Leader Wang

14.6K 1.5K 74
                                    

Mysterious Love

Unicode

ရှောင်ကျန့်မနက်မိုးလင်းခါနီးမှမှေးခနဲအိပ်ပျော်သွားတယ်
ညကအကြောင်းများပြန်လည်စဉ်းစားနေမိတယ် ညကကြားလိုက်ရတဲ့သီချင်းဆိုညဉ်းသံကဘယ်ကနေရောက် လာတာလဲဒါမှမဟုတ်ဝန်ထမ်းတွေထဲက တစ်ယောက်ယောက်များလား

အတွေးများနဲ့ရောက်ယက်ခတ်နေတာမို့ ဆက်လှဲမနေတော့ဘဲရေသာချိုးလိုက်တော့တယ် ။ညကတွေ့တဲ့ ပန်းချီကားထဲကမိန်းကလေးကဘယ်သူလဲ ဘာကြောင့်ဒီအိမ်မှာအဲ့ပန်းချီကားရှိနေရတာလဲ ။

ရှောင်ကျန့်ရေမိုးချိုးပြီးအခန်းပြင်ကိုထွက်လိုက်တော့ သူညကဝင်ခဲ့တဲ့အခန်းဆီမျက်စ်ိရောက်သွားတာနဲ့ အခန်းတံခါးကိုဖွင့်ဖို့လုပ်ပေမယ့်ဖွင့်မရတံခါးကကြပ်နေလို့လားဆိုပြီးကိုယ်နဲ့တွန်းပြီးဖွင့်သော်လည်းမပွင့် ။

" မန်နေဂျင်း...''
အသံကြောင့်ရုတ်တရက်လန့်သွားပေမယ့်ပြန်ထိန်းလိုက်ပြီး ကြည့်လိုက်တော့သူ့အနောက်မှာရပ်နေတဲ့ယွီပင်း ။

" အော်...ယွီပင်းပါလား ဘာလို့လဲ''

"အောက်မှာ ချုံချင်ပရောဂျက် ကိုတာဝန်ယူထားတဲ့ အင်ဂျင်နီယာချုပ်ရောက်နေတယ် ''

" အော်အေး လာခဲ့မယ် ''

ရှောင်ကျန့်အောက်ထပ်ကိုဆင်းလာတော့အိမ်အပြင်ဘက်မှာနံရံကိုမှီကာဆေးလိပ်မီးညှိနေတဲ့ ခေါင်းဆောင်ဝမ်ကိုတွေ့လိုက်ရတယ် ။

" ဘာပြောစရာရှိလို့လဲ ခေါင်းဆောင်ဝမ် ''

" အလုပ်ကိစ္စပါမန်နေဂျင်းကဘာထင်လို့လဲ ''

"မင်းစကားအပြောအဆိုဆင်ခြင်ရင်ကောင်းလိမ့်မယ် ဒီနေရာမှာငါကအလုပ်ရှင်မင်းကငါ့အလုပ်သမားပဲ ''

"အဟက်...''
ရိပေါ်ကခပ်ဟဟရယ်လိုက်ပြီးဆေးလိပ်ငွေ့များကို ရှောင်ကျန့်ဘက်မှုတ်ထုတ်လိုက်တယ် ရှောင်ကျန့်လဲရိပေါ်လုပ်ရက်ကိုဒေါသထွက်သွားပြီး ရိပေါ်နှုတ်ခမ်းမှာတေ့ထားတဲ့ဆေးလိပ်ကိုယူကာ ရေပန်းထဲလွင့်ပစ်လိုက်တယ် ။

Mysterious Love ( Completed ) Where stories live. Discover now