Part-21~It's call Love 💚❤

12.4K 1.4K 132
                                    

Mysterious Love

Unicode

ရိပေါ်ရှောင်ကျန့်နဲ့စကားများပြီးအခန်းပြင်ကို ထွက်လာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ ရှောင်ဟန့်ကိုတွေ့တယ် သူကရိပေါ်နဲ့ရှောင်ကျန့်အခန်း ထဲမှာစကားပြောနေတာကိုနားစွင့်နေပုံရတယ် ။ ရိပေါ်လဲရှောင်ဟန့်ကိုအကြည့်စူးစူးတစ်ချက်
ကြည့်လိုက်ပြီးအပေါ်ထပ်ကိုတက်သွားတယ် ။

ရိပေါ်ထွက်သွားပြီးသိပ်မကြာဘူး ရှောင်ကျန့်လဲ အခန်းထဲကထွက်လာတော့ ရှောင်ဟန်ကရှောင်ကျန့်နားကိုရောက်လာတယ် ။

"မန်နေဂျင်း အဆင်ပြေရဲ့လား ခေါင်းဆောင်ဝမ်ကလူမူရေးနည်းနည်းမသိတက်ဘဲ တဇွတ်ထိုးဆန်လို့မန်နေဂျင်းကပဲသည်းခံပေးလိုက်ပါ ''

" အာ...ရပါတယ် သူကနည်းနည်းဒဲ့ထိုးပြောတက်ရုံပါ ''

ရှောင်ကျန့်ကရယ်ကျဲကျဲနဲ့ရှောင်ဟန့်ကိုရယ်ပြလိုက်ပြီး ဆိုဖာပေါ်ထိုင်ကာကော်ဖီသောက်နေလိုက်တယ် ။ ရှောင်ကျန့်ရှောင်ဟန်နဲ့စကားကျနေတုန်း အပေါ်ထပ်ကနေရိပေါ်ဆင်းလာတာလှမ်းတွေ့လိုက်တယ် အဝတ်စားလဲထားပြီးတစ်နေရာကိုသွားမယ့်ပုံပဲ ။

ရှောင်ကျန့်လဲကော်ဖီခွက်ကိုအမြန်ချလိုက်ကာ ရိပေါ်နောက်ကိုပြေးလိုက်သွားတယ် ကားတံခါးဖွင့်ဖို့
လုပ်နေတဲ့ရိပေါ်နောက်ကိုသွားပြီး ရှောင်ကျန့်ပွင့်နေတဲ့ ကားတံခါးလက်နဲ့တွန်းပိတ်လိုက်တယ် ။

" ဒီနေ့ meetingရှိတယ်လေ ရိပေါ်မင်းအစောကြီး ဘယ်သွားမလို့လဲ ''

" Meeting အတွက်စိတ်ပူစရာမလိုဘူး စာရွက်တွေအားလုံးကိုစာကြည့်ခန်းထဲမှာထားခဲ့တယ် ''

ရိပေါ်ကထိုစကားသာပြောပြီးကားတံခါးရှေ့မှာကွယ်နေတဲ့ရှောင်ကျန့်ကိုလက်နဲ့ဆွဲဖယ်လိုက်ပြီး ကားပေါ်ကိုတက်သွားတယ် ။

ဝမ်ရိပေါ်ကရူးနေတာများလားမနက်ကပဲစကားပြောနေတာအကောင်းလေဘာတွေဘယ်လိုထဖောက်တာတုန်း

"မန်နေဂျင်း Meeting စဖို့လူစုံနေပြီ ''

"အာဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ် ''

ရှောင်ဟန်ကအစည်းဝေးစဖို့ရှောင်ကျန့်ကိုလာခေါ်တာမို့လို့ ရှောင်ကျန့်လဲအစည်းဝေးလုပ်ဖို့လိုက်သွားလိုက်တယ် ရှောင်ကျန့်စာကြည့်ခန်းထဲကိုရောက်တော့သူ့နေရာမှာ ရိပေါ် ပြင်ဆင်ထားတဲ့ဖိုင်တွေတွေ့လိုက်ရတယ် ရိပေါ်က လူ့ဂွစာပေမယ့်အလုပ်ကိုသေချာလုပ်တတ်တဲ့သူတစ်ဦးဆိုတာတော့ငြင်းလို့မရဘူး ။

Mysterious Love ( Completed ) Where stories live. Discover now