Part - 25~ Clue (1)

10.5K 1.3K 60
                                    

Mysterious Love

Unicode

ရှောင်ကျန့်cctvတွေကိုလိုက်ကြည့်ပြီးထူးဆန်းစွာ ပျောက်နေတဲ့ 4.4.2017 ရဲ့ cctv record တွေကိုစဉ်းစားမိတယ် ဘယ်သူကများအဲ့တစ်ရက်ထဲရဲ့ file တွေကိုဖျက်သွားတာလဲတစ်ရက်ထဲကွက်ပျက်တာ လို့ပြောရင် ဘယ်လိုမှယုတ္တိမရှိနိုင် 5.4.2017 ကျတော့ရှိတယ် ။

ထို 542017 file ကိုကြည့်လိုက်တော့စံအိမ်မှာ ဘယ်သူမှရှိမနေတော့လူလဲမရှိတော့သလိုဘယ်သူမှလာတဲ့အရိပ်ယောင်လဲမရှိတော့ဘူးဒါဆိုလူတွေဘယ်ရောက်သွားတာလဲ 4ရက်နေ့ကဘာဖြစ်ခဲ့ကြလို့ 5ရက်နေ့မှာ လူတွေအကုန်ပြောင်းသွားတာလဲ ??

ရှောင်ကျန့်စိတ်ထဲမသင်္ကာတဲ့အရာတစ်ခုကို အတည်ပြုဖို့လွန်ခဲ့တဲ့အပတ်ကရန်ဖေးဘာလို့ခုလို ဖြစ်သွားလဲကြည့်ဖို့ အိမ်အနောက်ကcctvကို စစ်ကြည့်လိုက်တယ် ။

ထိုနေ့ကညတစ်နာရီကျော်ကြီးအပေါ်ထပ်ထောင့်ဆုံးခန်း ကပြတင်းပေါက်ကနေ နောက်ပြန်ပြုတ်ကျလာပြီး ခေါင်းမှလဲသွေးတွေနဲ့ခြေထောက်ကလဲပြုတ်ကျတဲ့ အရှိန်ကြောင့်တရွတ်တိုက်ဆွဲလျှောက်လာပြီး အပေါ်ထပ်ကိုလဲလှည့်ကြည့်လှည့်ကြည့်နဲ့ အတော်ထိတ်လန့်နေပုံရတယ် ။

သူထိတ်တလန့်လန့်နဲ့ပြေးလာပြီး ဝန်ထမ်းတွေ အိမ်တန်းလျားရှေ့ရောက်တော့ ဆက်မပြေးနိုင်တော့ဘူး နဲ့တူပါတယ် သူထိုအရှေ့မှာပဲလဲကျသွားတယ် သူတစ်ခုခုကိုကြောက်လန့်တကြားမြင်ခဲ့ပုံရတယ် ဒါပေမယ့် ရန်ဖေးကဘာလို့သူမြင်ခဲ့တာကို ဘာမှမပြောဘဲငြိမ်နေတာလဲ အားလုံးကသူပြောတာ မယုံမှာစိုးလို့လား

ရှောင်ကျန့်ဝန်ထမ်းတန်းလျားအိမ်တွေဘက်ကနေထွက်လာပြီးရန်ဖေးပြုတ်ကျတဲ့အိမ်အနောက်ဘက်ကို လျှောက်သွားပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ သူ့အခန်းဘေးကပြသနာတွေဖြစ်နေကြ ထောင့်ဆုံးအခန်း သူပဲမျက်လုံးမှောက်၍ပဲလားမသိထိုအခန်းက ပြတင်းပေါက်ကနေသူ့ကိုလှမ်းကြည့်နေတဲ့ မိန်းကလေးကိုတွေ့တယ် ။

သေချာအောင်နောက်တစ်ခါထပ်ကြည့်လိုက်တော့ ထိုမိန်းကလေးကရှိမနေတော့cctv fileတွေ ပျက်နေတာနဲ့ အိမ်မှာထူးဆန်းတာတွေဖြစ်နေတာတွေက ထိုထူးဆန်းတဲ့မိန်းကလေးနဲ့များဆက်စပ်နေမလား ? ရှောင်ကျန့်အိမ်ထဲကို နောက်ဖေးပေါက်ကနေပဲဝင်လာပြီး အိမ်ပေါ်ထပ်ကသူ့အခန်းဆီဝင်သွားလိုက်တယ် ။

Mysterious Love ( Completed ) Dove le storie prendono vita. Scoprilo ora