Part-15~ Mirror

11.4K 1.2K 30
                                    

Mysterious Love

Unicode

ရိပေါ်အိမ်ထဲကိုဝင်လာတော့ထမင်းစားခန်းမှာ ရှောင်ဟန်နဲ့ရယ်မောပြီးကော်ဖီသောက်နေတဲ့ ရှောင်ကျန့်ကိုလှမ်းတွေ့လိုက်တယ် သူနဲ့တွေ့ရင်အမြဲမျက်နှာရှစ်ခေါက်ချိုးနေတဲ့ သူကအခြားသူနဲ့ကျတော့ပြုံးလို့....

ရိပေါ်လဲဘာမှဆက်မတွေးဘဲအပေါ်ထပ်ကိုသာတက်သွား တယ် သူ့အခန်းထဲကိုဝင်မလို့လုပ်ပေမယ့် သူ့ရဲ့မျက်နှာချင်းဆိုင်ကအခန်းတံခါးကပွင့်
နေတာကြောင့်ရိပေါ်တစ်ချက်ကြည့်လိုက်မိတယ် သေချာတာကတော့ဒီအခန်းကအရင်မင်အာသုံးခဲ့တဲ့အခန်း မင်အာအကြိုက် decoratingတွေပြင်ဆင်ပြီး တန်ဖိုးကြီးပစ္စည်းတွေပဲသုံးတဲ့သူမအခန်း ရိပေါ် မဝင်ဘူးလို့ဆုံးဖြတ်ပေမယ့်လဲတစ်စုံတစ်ခု သူ့ကိုဆွဲခေါ်နေသလိုမျိုးဖြစ်တာကြောင့် ရိပေါ်အခန်းထဲဝင်လိုက်တယ် ။

အခန်းထဲကိုဝေ့ကြည့်လိုက်တော့ အဖြူရောင်ပိတ်စတွေအုပ်ထားတဲ့ ပရိဘောကတချို့နဲ့ ပန်းချီstandတစ်ခု၊ သူပန်းချီကားကိုပိတ်ထား ပိတ်စအဖြူကိုဆွဲဖယ်လိုက်တော့
အရင်ကသူမင်အာ့ကိုပေးခဲ့ဖူးတဲ့ပန်းချီလေး

အတိတ်ရဲ့နေ့တချို့.....

ချစ်သူသက်တမ်းရက်100ပြည့်လေးမှာ ရိပေါ်သူ့ချစ်သူကိုတစ်ခုခုပေးချင်ပေမယ့်ကျောင်းကလဲတစ်ဖက်အချိန်ပိုင်းအလုပ်ကရတဲ့ငွေနဲ့က သူစားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့ကြားထဲ
ဘာမှဝယ်ပေးနိုင်တာမရှိလို့ သူဆွဲတက်တဲ့ပန်းချီပညာကို အသုံးချပြီးမင်အာ့ရဲ့ပုံတူပန်းချီကားကို ဆွဲဖို့လုပ်လိုက်တယ် ။

စုတ်ချက်တစ်ချက်ဆွဲတိုင်း သူ့ရဲ့ပိုင်နိုင်လှတဲ့ပန်းချီပညာ
ကြောင့် ပန်းချီကားထဲကလူကအသက်ဝင်လှတဲ့ လူတစ်ယောက်လိုပဲအရမ်းကိုလှပနေခဲ့တယ် ။

သူနဲ့မင်အာစတွေ့တုန်းကသူတို့ အင်ဂျင်နီယာကျောင်းတက်တုန်းက သူတို့ရဲ့ကျောင်းမှာတရုတ်နိုင်ငံရဲ့အချမ်းသာဆုံး သူဌေးကြီးရဲ့သမီးဖြစ်တဲ့အပြင်လှလဲလှပြီးကျောင်းက
Queen လဲဖြစ်တာမို့ ကျော်ကြားတဲ့သူတစ်ယောက်ပေါ့

Mysterious Love ( Completed ) Where stories live. Discover now