Part -38~Who is murderer?

10.3K 1.3K 261
                                    

Mysterious Love

Unicode

Warning!!! 🚫🚫
( အမှောင် warning တော့မဟုတ်ပါဘူး ကြောက်တတ် သူများအတွက် warning ပါ )

ရှောင်ကျန့်သူ့laptopကိုဖွင့်ပြီးFileကို စစ်ကြည့်လိုက်တယ် USB ထဲကFile name 0442017 ကိုကြည့်ပြီးစိတ်လှုပ်ရှားနေမိတယ် cctv မှတ်တမ်းထဲကဘယ်သူများလဲဆိုပြီးလဲသိချင်တယ် တစ်ဆက်တည်းမှာပဲသူဒါကိုမကြည့်ရဲဘူး တကယ်လို့သူမဟုတ်ပါစေနဲ့ဆုတောင်းမိတယ် သူသာဆိုရင်နှလုံးသားကလက်ခံနိုင်ပါ့မလား??

ရှောင်ကျန့်တုန်တုန်ရီရီနဲ့ပဲဖိုင်ကိုဖွင့်လိုက်တယ် ။
ထိုနေ့4.4.2017 နေ့ကစံအိမ်ကိုလင်းချန် ရောက်လာတယ်နေ့လည် 1: 45 ပတ်ဝန်းကျင်ပေါ့ လင်းချန်အိမ်ထဲမှာအတော်ကြာတယ် 2:30 လောက်မှပြန်သွားတယ် ။

ဒါဆိုလင်းချန်ပြန်သွားတဲ့အချိန်ထိ ကျဲကအသက်ရှင်နေသေးတာပေါ့

ရှောင်ကျန့် viedoကိုဆက်ကြည့်လိုက်တယ် လင်းချန်ထွက်သွားပြီးတော်တော်ကြာသည်အထိ ဘယ်သူမှလဲရောက်မလာတော့သလို မင်အာလဲဘယ်မှမသွားဘူး ။

ညအချိန် 7:30 p.m. ခြံထဲကိုကားတစ်စီးဝင်လာတယ် ကားပေါ်ကဆင်းလာတဲ့သူကိုကြည့်တော့ရန်ဖေး !!!

ရန်ဖေးကအိမ်ကိုဘာကိစ္စနဲ့လာတာလဲ ???

ရန်ဖေးတစ်ယောက်ကားပေါ်ဆင်းပြီး အိမ်ထဲကိုချက်ချင်းမဝင်သေးဘဲအိမ်ကိုကြည့်နေတယ် အတော်ကြာလေးစဉ်းစားပြီးမှအိမ်ထဲကိုဝင်သွားတယ် ရန်ဖေးအိမ်ထဲမှာတော်တော်ကြာတဲ့ အထိထွက်မလာသေးဘူးရန်ဖေးအိမ်ထဲမှာရှိနေတုန်း ခြံထဲကိုနောက်ထပ်ကားတစ်စီးရောက်လာတယ် ။

ထိုသူကတော့ရှောင်ဟန်၊ သူကအမြန်ပဲအိမ်ထဲကို ပြေးဝင်သွားတယ် သူတို့တွေအထဲမှာ ဘာတွေပြောနေကြလဲ ဘာတွေလုပ်နေကြလဲမသိပေမယ့် ည9:00 p.m. ကျော်တော့မှနှစ်ယောက်သား ထွက်လာတယ် ရှောင်ဟန်ကရန်ဖေးရဲ့အင်္ကျီကော်လံကို ဆွဲထားပြီးနှစ်ယောက်သားစကားများနေကြတဲ့ပုံပဲ

နောက်တော့ရန်ဖေးကသူ့အင်္ကျီကော်လံကိုဆွဲထားတဲ့ ရှောင်ဟန့်လက်တွေကိုဖြုတ်ချလိုက်ပြီး ရန်ဖေးကရှောင်ဟန့်ကိုတစ်ချက်ထိုးလိုက်ပြီး သူ့ကားပေါ်တက်ကာထွက်သွားတယ် ရှောင်ဟန်လဲအထိုးခံရတဲ့နေရာမှာထိုင်ချလိုက်ပြီး ခဏနေတော့သူလဲခြံထဲကထွက်သွားတယ် ။

Mysterious Love ( Completed ) Where stories live. Discover now