Part-22~ Nightmare

11.6K 1.3K 69
                                    

Mysterious Love

Unicode

ရိပေါ်သူ့ရှေ့ကနေ ပြေးထွက်သွားတဲ့ရှောင်ကျန့်ကို ကြည်ပြီး စိတ်လိုလက်ရပြုံးလိုက်မိတယ် ။ ရှက်သွားတာလေးကအဲ့လောက်ထိချစ်ဖို့ကောင်းနေဖို့ လိုလို့လားကွာ...

ရိပေါ်ကဝရန်တာဘောင်ပေါ်လက်တင်လိုက်တော့ ခုနကရှောင်ကျန့်ထားသွားတဲ့မီးခြစ်လေးကို ယူကိုင်ကြည့်လိုက်တယ် ။

အနက်ရောင်ကာဗာပေါ်မှာရွှေရောင်နဂါးပုံရစ်ပတ် နေတဲ့ပုံအသေးစိတ်ကျပြီး classicဆန်တယ် ပုံစံက အထက်တန်းဆန်ပေမယ့် အထဲမှာတော့ ဖြည့်ထားတဲ့ဂတ်စ်ကတခြား မီးခြစ်တွေနဲ့တူတူပါပဲ အပြင်မှာဘယ်လောက်ပဲ ပါကာသနတွေစီခြယ်ထားပါစေ အဆုံးမှာတော့မီးခြစ်ကမီးခြစ်ပါပဲ...

ရိပေါ် မီးခြစ်ကိုကိုင်နေရင်း သူ့အတွေးထဲဝင်လာတာလေးက
' မင်းဆေးလိပ်သောက်နေကြမဟုတ်ဘူးထင်တယ် သောက်နေကြမဟုတ်ရင်မသောက်ပါနဲ့လား ဆေးလိပ်က ဖြတ်ရခက်တယ် '

သူ့အတွက်စိတ်ပူစွာနဲ့ပြောလာတဲ့ရှောင်ကျန့်နှုတ်ခမ်းက ထွက်သမျှစကားကိုသူအလေးထားတယ် ဒါကြောင့် သူလသာဆောင်ကပန်းအိုးတွေထားတဲ့နားကအမှိုက်ပုံးထဲ မီးခြစ်ကိုထည့်လိုက်တယ် ။

" မင်းရဲ့မောင်ကို ချစ်မိသွားလို့ မင်းကိုခွင့်လွှတ်ဖို့ကြိုးစားကြည့်လိုက်ပါမယ်လေ ''

ရိပေါ်ကြိုက်ခဲ့တဲ့ မီးခြစ်လေးကိုအတိတ်ကိုခွင့်လွှတ်ဖို့ ကြိုးစားမှုနဲ့အတူစွန့်လွှတ်လိုက်ပြီးဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာသူ့အခန်းထဲကိုဝင်သွားတယ် ။

ရိပေါ်ရှေ့ကနေအမြန်ဆုံးထွက်လာခဲ့ပြီးမှသူ့ကိုယ်သူ
နောင်တရချင်သွားတယ်အမှန်ဆိုနမ်းပြီးဘာမှမဖြစ်သလိုနဲ့ခပ်တည်တည်ထွက်သွားသင့်တာ အခုတော့ရှက်ရမ်းတွေရမ်းပြီးပြေးထွက်လာမိတာ ဝမ်ရိပေါ်ကတော့လှောင်နေတော့မှာပဲ ။

ရှောင်ကျန့်အိပ်ရာပေါ်မှာမအိပ်သေးဘဲ လူးလွန့်နေပြီး အပြစ်မရှိတဲ့ခေါင်းအုံးလေးကိုဝမ်ရိပေါ်လို့သတ်မှတ်ပြီးထိုးနေမိတယ်

"နေပါဦးငါကသူ့ကိုကြိုက်နေတာလား ဟာ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါကယောကျ်ားစစ်ကြီးပါသူကနမ်းတာ
ကျွမ်းကျင်လွန်းတော့သူ့အနမ်းထဲမှာသာယာမိသွားပြီး တုန့်ပြန်မိတာဟုတ်တယ်

Mysterious Love ( Completed ) Where stories live. Discover now