Whatever You Are (1)

4.7K 205 0
                                    

ရှောင်းအိမ်တော်တွင် အချင်းများနေကြရသည်။ ရှောင်းအိမ်တော်၏ တစ်ဦးတည်းသောသား ရှောင်းစစ်ဟန်ကို ချင်အိမ်တော်မှ မမလေးတစ်ဦးဖြစ်သူ ချင်အိုက်လီနှင့် လက်ထက်ထိမ်းမြားပေးရန် စကားလွန်ထားပြီးချိန်မှာမှ သားဖြစ်သူက ချစ်သူမိန်းကလေးဖြစ်သူ လင်ချင်းရှာမှာ ကိုယ်၀န်ရှိနေပြီဆိုသောအကြောင်းပြချက် ဖြင့် အိမ်ပေါ် သို့ ခပ်တည်တည် လက်ချင်းတွဲလို့ ခေါ်လာသည်။

ငယ်ငယ်လေးကတည်းက ပွင့်ပွင့်လင်းလင်းမရှိတတ်သော သား က ဘာမပြောညာမပြော မိန်းကလေးတစ်ဦးကို လက်ဆွဲလို့ လွန်လွန်ကျူးကျူးဖြစ်ထားရုံမက ကလေးပါရနေပြီလို့ ဖွင့်ပြောကာ အိမ်ခေါ်လာမို့ ရှောင်းသခင်မကြီး လိုတာထက် စိတ်က ပိုဒေါသထွက်နေခဲ့မိတယ် တဖက်မိန်းကလေးကို အားနာပေမယ့်လည်း စကားကို ခပ်မာမာနဲ့ သားဖြစ်သူကိုမေးလိုက်မိတယ်

' မင်း မားကို မားလို့ သတ်မှတ်သေးရဲ့လား'
" မားကို သားပြောခဲ့သားပဲ သားရဲ့နှလုံးသားရေးရာ ဘ၀လမ်းကြောင်းကို သားနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါလို့ အခေါက်ခေါက် အခါခါ ပြောတာပဲ။ သားအသက်၂၉ ပြည့်တောမှာ မား ၃၀နှစ်ပြည့်ရင် ရှောင်းမိသားစုရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဆက်ခံရတော့မယ့် လူတစ်ယောက်အနေနဲ့ သားမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"

ရှောင်းစစ်ဟန် ခါတိုင်း မားကို ပြန်ပြောနေကြမဟုတ်ပေမယ့် အခု ပြန်ပြောမိနေတယ်

' မင်းရဲ့ အသက် ၃၀နှစ်ပြည့်ရုံနဲ့ ဆက်ခံသူ ဖြစ်မယ်လို့ ဘယ်သူပြောလဲ ဆက်ခံသူတစ်ယောက်မှာ သားယောက်ျားလေး မရှိရင် မင်း အမွေရဲ့ ၁၀ပုံ မှာ ၃ပုံပဲရမှာ မင်းရဲ့ ညီ၀မ်းကွဲ ရှောင်းရန် က အသက် ၂၇နှစ်ဆိုပေမယ့် သူ့မှာ သားယောက်ျားလေး နှစ်ယောက်တောင်ရှိပြီးသား ဒါကြောင့် မင်းမှာ ၃၀နှစ်ပြည့်တဲ့အချိန်မှာ မင်းမှာ သားယောက်ျားလေး တစ်ယောက်တစ်ယောက်တောင်မှ မရှိရင် အမွေအားလုံး နီးပါး မင်းဦးလေး မိသားစုက ရတော့မှာ မင်းအဖေ အရမ်းကြိုးစားတည်ထောင်ခဲ့တဲ့ Xaio Co.Ltd တစ်ခုလုံးရဲ့ စီမံခန့်ခွဲပိုင်ခွင့်တွေကို စွန့်လွှတ်လိုက်ရမှာလေ'

Whatever You AreWhere stories live. Discover now