Loving my wife

8.1K 535 4
                                    

ယခုဟာညသန်းခေါင်ယံဖြစ်ပြီးမိုးကလည်းသည်းထန်စွာရွာသွန်းနေခဲ့သည်။

အမည်းရောင်ကားတစ်စီးသည်မြို့တော်၏အစွန်အဖျားရှိ ကြီးကျယ်ခမ်းနားသောအိမ်ဟောင်းကြီးဆီသို့မြန်ဆန်သောအရှိန်နှုန်းဖြင့်ဦးတည်မောင်းနှင်ခဲ့သည်။

အိမ်ဟောင်းကြီးသည်တန်ဖိုးမရှိပုံပေါက်နေပေမယ့်လည်းကောင်းမွန်စွာပြုပြင်မွမ်းမံထားသဖြင့် အခြေအနေကောင်းတစ်ခုတွင်ရှိသည်။အိမ်ကြီး၏ဝင်ပေါက်တွင်မီးအလင်းရောင်တစ်ခုထွန်းလင်းလျက်ရှိသည်။

ကားသည်ကြီးမားသောသံတံခါးရှေ့တွင်ရပ်တန့်ရန်အရှိန်လျှော့ချလိုက်သည်။ကားတံခါးကပွင့်သွားခဲ့ပြီးအသက်နှစ်ဆယ်ကျော်ရှိသောမိန်းမတစ်ယောက်ထွက်လာခဲ့သည်။သူမကအလျင်လိုနေတဲ့ပုံပေါ်ပြီးသူ့မရဲ့မျက်လုံးတွေကတစ်စုံတစ်ယောက်ကိုရှာဖွေရန်ရွေ့လျားနေခဲ့သည်။သူမသည်ဝင်ပေါက်၏တံခါးကိုတွန်းဖွင့်ကာမိုးရေထဲတွင်ပြေးလွှားနေပြီးအထဲသို့ဝင်ရောက်လာခဲ့သည်။သူမကစိတ်ပူနေပြီးစိုးရိမ်နေပုံရသည်။

အိမ်ဟောင်းကြီး၏တံခါးသည်တစ်ဝက်ပွင့်ဟလာခဲ့ပြီးသူမသည်ကျယ်ပြန့်သောဥယျာဥ်ကြီးဆီသို့ဦးတည်လာခဲ့သည်။သူမသည်ဥယျာဥ်ဆီသို့ရောက်ရန်လူသွားစင်ကြန်တစ်လျှောက်ဖြတ်လျှောက်လာခဲ့သည်။ဥယျာဥ်အလယ်ရှိရှုခင်းကြည့်ရန်ဆောက်လုပ်ထားသောအဆောက်အအုံငယ်နှင့်အကွာအဝေးတစ်ခုတွင်မရပ်တန့်သေးမီခဏ သူမသည် ကွဲကွဲပြားပြား မမြင်ရသောအလင်းရောင်ထဲတွင် သစ်ပင်များကိုဖြတ်သန်း ခဲ့ရသည်။အဆောက်အအုံငယ်သည် စက်ဝိုင်းပုံအမိုးဖြင့်ဖုံးအုပ်ထားပြီး ရှုပ်ထွေးသောကျောက်တိုင်လေးခုဖြင့် ဝန်းရံထားသည်။အဆောက်အအုံငယ်သည် ကြီးမားသော ရေကန်ငယ်၏အလယ်တွင် တည်ရှိ၍ သစ်သားနှင့်ပြုလုပ်ထားသော တံတားငယ်တစ်ခုဖြင့် ဝင်ရောက်ရန်စီစဥ်ထားပြီး အတွင်းပိုင်းတွင် ခုံဝိုင်းလေးနှစ်ခုနှင့်အဖြူရောင်ထိုင်ခုံပရိဘောဂများထားရှိထားသည်။သူမ၏မျက်လုံးများသည်အဆောက်အအုံငယ်၏အရိပ်ထဲရှိပုံပန်းသွင်ပြင်တစ်ခုသို့ကျရောက်နေပြီး သူမ၏မျက်နှာအမူအရာသည် စိုးရိမ်ပူပန်မှုမှစိတ်သက်သာရာရပုံသို့ပြောင်းလဲသွားခဲ့သည်။ငယ်ရွယ်သောကောင်လေးတစ်ယောက်သည် သူမကိုကျောပေး၍ရပ်နေခဲ့သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now