Relaxing Under The Starry Sky

1K 42 0
                                    

"ဒါဆို.... အဲ့အနမ်းက ဘယ်လိုလဲကွ"

ပြူးကျယ်သွားသော မျက်လုံးများနှင့် သူ့ကို
ကျန်းယွီယန် ကြည့်လိုက်ပြီး ခုံမှ ထခုန်ကာ မေးလိုက်တယ် "ဘာ?ညီမ ဆိုလိုတာက အစ်ကို ဘယ်လိုသိတာလဲ?"သူမရဲ့ ကိုယ်ပိုင် ကိစ္စတွေကို သူမအစ်ကို သို့မဟုတ် တစ်ခြားသူတွေ သိသွားဖို့ သူမ လုံးဝမမျှော်လင့်ထားပေ။

"သိပ်မလန့်သွားပါနဲ့၊ပထမဆုံး မင်းခုံမှာ ပြန်မှီလိုက် ပြီးမှ ငါတို့ ဒီအကြောင်းကို ပြောကြတာပေါ့"သူမကို ကြည့်မယ့်အစား ကောင်းကင်ကို ကြည့်ရင်း သူ ပြောလိုက်တယ်။

သူ့ကို ဆက်စိုက်ကြည့်ရင်း သူမ ခုံကို ပြန်မှီလိုက်သော်လည်း သူက သူမကို မကြည့်ပဲ ပြော၏
"ငါ့ကို စိုက်ကြည့်နေတာ ရပ်လိုက်တော့၊မင်းက အကြာကြီးနေတာတောင် ပြန်မလာတော့ ငါ မင်းကို စိတ်ပူတယ်လေ၊မင်း ထွက်သွားတဲ့နေရာကို ငါမြင်လိုက်လို့ မြက်ခင်းပြင်ကို ငါ လိုက်လာတာ၊ငါ ခန်းမက ထွက်တဲ့အချိန်မှာပဲ မျက်ရည်တွေ ပြည့်နေတဲ့ အပြာရောင်ဝတ်စုံနဲ့ မိန်းမလှလေးက ငါ့ဘေးက ဖြတ်သွားတယ်။ငါ သူမကို ဘာမှ မမေးလိုက်နိုင်ခင်မှာပဲ သူနဲ့ အချိန်ကောင်း ရှိနေတဲ့ မင်းကို ငါ မြင်လိုက်ရတယ်၊ငါထင်တာတော့ အရိပ်ရအဆောက်အအုံထဲက နီးကပ်နေတဲ့ မြင်ကွင်းကို တိုက်ရိုက်ကြည့်လိုက်ရလို့ အဲ့ကောင်မလေး ငိုသွားတာဖြစ်မယ်၊ငါ မှန်တယ်မလား?"

"Yeh!အစ်ကို မှန်တယ်၊မြင်ရဲ့သားနဲ့ ဘာလို့ အစ်ကို ညီမဆီ မလာတာလဲ?" ကောင်းကင်ကို ပြန်ကြည့်ရင်း သူမ မေးလိုက်တယ်။

"ဘာကြောင့်လဲဆိုတော့ အဲ့ဒါက ဖိအားပေးခံရတဲ့ အနမ်းနဲ့မတူဘူး၊မင်းက...."

"ရပြီ!ရပြီ!"အဲ့ဒီအကြားမှာပဲ သူမ သူ့ကို ရပ်တန့်လိုက်သည်။ကျေနပ်နေသော မျက်နှာ အမူအရာတွေနှင့် နှစ်ယောက်လုံး ကြယ်တွေ ပြည့်နေသော ကောင်းကင်ကို ပြန်ကြည့်လိုက်ကြတယ်။ညသန်းခေါင် အချိန်တစ်နာရီလောက်ဖြစ်၍ ဒီနေရာမှာ အသံတစ်သံမှ မရှိ။နှစ်ယောက်လုံးက တည်ငြိမ်နေကြပြီး ငြိမ်းချမ်းတဲ့ လေထုနဲ့ လှပပြီး ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြောင့် သာယာနေကြသည်။စကားပြောနေရင်း တစ်ယောက်နဲ့ တစ်ယောက် မကြည့်နိုင်လောက်အောင်ကို ကောင်းကင်ရဲ့ မြင်ကွင်းက ပိုမိုဆွဲဆောင်နေ၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now