I Will Be Your Knight....

989 56 0
                                    

လုစံအိမ်...

ညသန်းခေါင်နီးပါးလောက် မှ စံအိမ်သို့ ပြန်ရောက်ကြကာ လူတိုင်းက ကိုယ့်အခန်းကိုယ် သွားကြတော့၏။လုဖန်းကတော့ ပန်းခြံသို့ဦးတည်သွားကာ ပေါ်တီကိုထဲတွင် ဝင်ထိုင်လိုက်သည်။တည်ငြိမ်အေးဆေးစွာ ထိုင်နေခဲ့ရင်း ကျန်းယွီယန်နဲ့ တိုက် မိခဲ့သည့်အချိန်က ဖြစ်ရပ်ကို သတိရသွားကာ သူ ရုတ်တရက် ပြုံးလိုက် မိလေတယ်။သူမရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှုက သူ့ကို ပြုံးတာထက် ပိုလုပ်နို်င်ခဲ့ပြီး သူ ပြော၏ "နောက်ဆုံးတော့ သူတို့ ပြန်လာခဲ့ပြီ။" ပေါ်တီကို အနီးတစ်ဝိုက်ကို သူ လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သူ သတိရမိသွား၏။

လုဖန်းနဲ့လုချောင်ဟာ ကျန်းမောင်နှစ်မတွေ ထိုင်နေတဲ့ ပေါ်တီကိုသို့ သွားကြသည်။ကျောင်းက သူငယ်ချင်းတွေက သူမကို ပြောလို့ဆိုပြီး ငိုနေတဲ့ ကျန်းယွီယန်ကို သူတို့ မြင်လိုက်ရ၏။သူမ စိတ်လျှော့သွားရန် လုချောင်က လက်ထပ်ပါ့မယ် ကတိပေးကာမှ သူမက ပြန်ပြုံးလာလေတယ်။လုဖန်းနဲ့ကျန်းယန်ကလည်း သူမရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို မြင်လိုက်ရမှ ပျော်ရွှင်ကြလေ၏။

လုဖန်းက ကင်မရာအသစ်တစ်လုံး ယူလာခဲ့၍ သူပြောလိုက်တယ်

"Hey!ငါ့မှာ ကင်မရာ အသစ်တစ်ခုရှိတယ်။အနာဂတ် သတို့သားနဲ့ သတို့သမီးရဲ့ ပုံကို အဲ့ဒါနဲ့ ရိုက်လိုက်ကြရအောင်"ပြီးနောက် ပုံတစ်ပုံရိုက်ရန် သူ့မျက်နှာရှေ့မှာ ကင်မရာကိုကိုင်ထားလိုက်သည်။

"ဒါကောင်းတဲ့ အကြံဉာဏ်တစ်ခုပဲ လုဖန်း"အငိုရပ်သွားပြီး နားရွက်တက်ချိတ်အောင် ပြုံးလာမယ့် ညီမကို မြင်ရမှ သူ ပျော်ရွှင်ရမည်ဖြစ်၍ ကျန်းယန် စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ဖူးရောင်နေတဲ့ မျက်လုံးတွေ နီရဲနေတဲ့ နှာခေါင်းထိပ်လေးနဲ့အတူ သူမက ချစ်ဖို့ကောင်းနေ၏။

ပေါ်တီကိုထဲက ခုံမှာ ထိုင်နေတဲ့ ကျန်းယွီယန်နဲ့ လုချောင်ရဲ့ ပုံကို သူတို့ ရိုက်လိုက်ကြသည်။နှစ်ယောက်လုံးက ပြုံးနေကြ ကာ ပျော်နေကြပုံရတယ်။

"မင်းတို့နှစ်ယောက်လုံးအတွက် ငါ နှစ်ပုံကူးပေးမယ်။အဲ့ပုံက လုချောင်ကတိရဲ့ သက်သေမို့လို့ အနာဂတ်မှာ သူ မငြင်းနိုင်အောင် မင်း ဒါကို သေချာသိမ်းထားရမယ်နော်"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now