"ငါ လုပ်ခဲ့လို့လား?"လုလီကျွင်း ပြောတာကို နားထောင်ရင်း အခန်းထဲမှာရှိတဲ့ လူတိုင်းကို
ကြည့်ကာ အကြီးအကဲလု မေးလိုက်၏။အားလုံးက ခေါင်းငြိမ့်ကြပြီး သူတို့ရဲ့ မျက်နှာ အမူအရာတွေက လုလီကျွင်းကို အပြည့်အဝ ထောက်ခံနေကြလေတယ်။ဒါကို မြင်တာနဲ့ အကြီးအကဲ လု ခေါင်းစဥ်ပြောင်းလိုက်ကာ ရုတ်တရက် ပြောလိုက်၏။ "အဘိုး ရခဲ့သမျှထဲမှာ ဒါက အကောင်းဆုံး လက်ဆောင်ပဲ၊သားက အဘိုးရဲ့အခက်အခဲကို ဖြေရှင်းပေးလိုက်တာပဲကွ သားက အရမ်း ဉာဏ်ကောင်းတယ်"သူ ချီးမွမ်းလိုက်သည်။
"အဘွား၊ အဘွား ဒါကို တစ်ချိန်လုံး ဝတ်ထားရမယ်နော်"လေးနက်သော အမူအရာတစ်ခုနဲ့ လုလီကျွင်းက ပြောလေတယ်။
"ဒါ..ဒါပေါ့ အဘွားရဲ့ ချစ်စရာကောင်းတဲ့ မြေးလေးဆီက လက်ဆောင်ပဲလေ"
အဘွားက လက်ဆောင်ကို ရရှိ၍ ပျော်ရွှင်ပေမယ့်လည်း ဒီခြေရာခံစက် ရှိနေရင် သူမ ဒီအခြေအနေကနေ မလွတ်မြောက်နိုင်တော့ဘူး။သူမ တစ်ခုလောက်တော့ မေးလိုက်ချင်တယ်။" ဒီခြေရာခံစက်ကို အဘွား ဖယ်လို့ရမလား?အဘွား ဒီလူအိုကြီးဆီက လွတ်မြောက် မယ့်လမ်းကို သား မချန်ထားခဲ့ဘူး။ငြိမ်းငြိမ်းချမ်းချမ်း နေရမယ့် အချိန်မရှိတော့ဘူး"
မိသားစုဝင်တွေနဲ့ အိမ်အကူတွေကတော့ အကြီးအကဲ လု သူ့ဇနီးကို ရှာတိုင်း ကြုံရတဲ့ စိတ်ဆိုးဒေါသ ထွက်နေတဲ့ မျက်နှာကို မရင်ဆိုင်ရတော့လို့ ပျော်နေကြ၏။
'ငါတို့ကို သူ ထပ်ပြီး ပြဿနာ မရှာတော့ဘူး" သူတို့ တွေးနေကြလေတယ်။
အိမ်အကူတွေကလည်း ပျော်ရွှင်နေကြတယ်
"ဒီနှိပ်စက်ခံခြင်းကနေ ငါတို့ကို ကယ်ဖို့ ဘုရားသခင်က သခင်ငယ်လေးကို ကောင်းချီးပေးလိုက်တာပဲ"ထို့နောက် လူတိုင်းက သူတို့ သက်ဆိုင်ရာကားများနှင့် စံအိမ်မှ ထွက်ခွာလာကြတော့သည်။
ကျန်းမိသားစုရဲ့ကားက မီးပွိုင့်မှာ ရပ်နေချိန်တွင် ရင်းနှီးသော ပုံပန်းသွင်ပြင်ရှိသည့် ယောကျာ်းတစ်ယောက်က အပြုံးတစ်ပွင့်နှင့်အတူ အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေသည်ကို ကျန်းယန် မြင်လိုက်ရ၏။
BẠN ĐANG ĐỌC
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
Lãng mạnLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ