Running A DNA Test

609 38 2
                                    

လုပေါင်၏ အခန်းဝယ်

"ငါတို့ အစ်ကိုတွေက ဒီဝတ်စုံကို ရွေးလိုက်တယ် ဒါပေမယ့်....."လုပေါင်က စကားတောင် ဆက် မပြောနိုင်တော့ပဲ အခုထိ စိတ်ရှုပ်နေသေး၏။

"ဒါပေမယ့် ငါကတော့ နင်ကြိုက်တာပဲကို ကြိုက်တာ"လုလျန်းကတော့ အပြည့်အဝ ထိုအရာကို ရွေးချယ်ထားလေသည်။

"တကယ်လား? ဒါဆို ငါတို့နှစ်ယောက် ကြိုက်တဲ့ဟာပဲ ငါဝတ်တော့မယ်"လုပေါင်ကတော့ လုလျန်းဆီမှ ထိုသို့ ကြားလိုက်ရတဲ့အတွက် ပျော်ရွှင်သွားတယ်။

"ယောကျာ်းတွေက မိန်းမတွေ ဘာနဲ့ ကြည့်​ေကာင်းတယ်ဆိုတာ မကြည့်တတ်ကြဘူး၊ငါတို့ အစ်ကို တစ်ဦးချင်းစီရောပဲ"

"နင် လုံးဝကို မှန်တယ်"လုပေါင်က လှည့်လိုက်ကာ ဝတ်စုံကို သူမဗီရိုထဲသို့ ဂရုစိုက် ထည့်လိုက်၏။ညီအစ်မ နှစ်ယောက်လုံးက ကုတင်မှာထိုင်လိုက်ကြပြီး တစ်ခုခုကို စဥ်းစားမိသွားကြသည်။

"ငါ ဝတ်စုံတွေကို အစ်ကို လုချောင်နဲ့ လုဖန်ကို ပြတုန်းက သူတို့ရဲ့ တုံ့ပြန်မှုကို နင် သတိထားမိလား?"

"အေး သူတို့ တစ်ပုံစံတည်းပဲ တုံ့ပြန်ကြတယ်"

"သူတို့ရဲ့ မျက်နှာအမူအရာက တူရုံမကပဲ စကားလုံးတွေရော အသံကပါ ကိုက်ညီနေကြတယ်"လုပေါင်က အသေအချာ ပြောလေတယ်။

"ဒါက အ့ံဩစရာမှ မလိုတာဟ၊သူတို့ တွေးတဲ့အရာတွေနဲ့ ပြောတာတွေက တူညီကြတယ်ဆိုတာ လူတိုင်း သိကြတာပဲ၊သူတို့ ဆယ်ကျော်သက် အရျယ်တုန်းက အဘွား ငါတို့ကို ဘာပြောခဲ့လဲ နင် မှတ်မိလား?"လုလျန်းက ညင်သာသော အသံနဲ့ မေးလိုက်လေ၏။

"ငါမှတ်မိတာပေါ့"လုပေါင်က ပြောသည် "သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အမူအကျင့်တွေက အတော် ကဲွဲပြားကြတယ် ၊မပြောင်းလဲသွားတဲ့ အချက်ကတော့ သူတို့က ရေခဲတောင်တွေပဲ"သူမက ကျိတ်ရယ်လိုက်တယ်။

"တစ်ယောက်က တောင်ဝင်ရိုးစွန်း နောက်တစ်ယောက်က မြောက်ဝင်ရိုးစွန်း"လုလျန်းကလည်း သေးငယ်သော အပြုံးနှင့်  ပြောလေ၏။

"ဒီယောကျာ်းနှစ်ယောက်က မိန်းမတစ်ယောက်တည်းကို သဘောကျသွားမယ့် အဖြစ်အပျက်ကို စိတ်ကူးကြည့်စမ်း"သူမ မျက်နှာတွင် အတင်းအဖျင်း ပြောလိုသော အရိပ်အယောင် ​ရှိနေလေသည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)जहाँ कहानियाँ रहती हैं। अभी खोजें