Drinking Coffee And Making A Child Are Different Things...

1.4K 130 0
                                    

Lu စံအိမ်တွင်

အမည်းရောင်ကားသည် ဂိတ်ပေါက်သို့ ရောက်လာခဲ့သည်။ခန့်ညားသည့် ယောကျာ်းနှင့် လက်ထောက် နှစ်ယောက်လုံး ကားထဲမှ ထွက်လာသည်။စံအိမ်ကြီး၏ အိမ်ထိန်း Xu Dui က ထို ယောကျာ်းကို အလေးပြုပြီး စံအိမ်ကြီးထဲသို့ ဦးဆောင်လမ်းပြသည်။သူတို့ အဓိက တံခါးကိုဖြတ်လျှင်ပဲ နှစ်လိုဖွယ်ကောင်း၍ ပျော်ရွှင်နေသော အသံကို ကြားလိုက်ရသည်။
(T/N Butler - အိမ်တွင်း အစေခံမှုး ကို အိမ်ထိန်းလို့ပဲ ပြန်လိုက်ပါမယ်နော်)

"ချစ်ရတဲ့ ငါ့မြေးလေး နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီ"

အဲ့ဒါဟာ အဘွား Zhao Shuang ၏အသံဖြစ်နေခဲ့သည်။သူမက ဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေပြီး နွေးထွေးသော အပြုံးနှင့် သူ့ကို ကြည့်နေခဲ့သည်။

ခန့်ညားသော ယောကျာ်းက သူမကိုတွေ့တယ်ဆိုရင်ပဲ သူမ ဘက်ကို ခြေလှမ်းလှမ်းခဲ့ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် သူမကို ဖက်ခဲ့သည်။

အဘွားက သူ့ကိုပြန်ဖက်ပြီး မေးသည်
"Lu Qiang မင်းဘယ်လိုရှိနေခဲ့လဲ ငါမင်းကို နောက်ဆုံးမြင်ခဲ့ရတာ တစ်ပတ်ရှိပြီ ငါ မင်းကို လွမ်းတယ် "သူမ မျက်လုံးများသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပြီး သူမ မျက်နှာမှာတော့ ပါးစပ်မှ နားရွက်တက်ချိတ်လောက်အောင် ပြုံးနေသော အပြုံးတစ်ခု ရှိသည်။

"ကျွန်တော်လည်းလွမ်းတယ် အဘွား" တူညီသော ​ေပျာ်ရွှင်မှုများ နှင့်အတူ Lu Qiang က ပြောခဲ့သည်။

လက်ထောက် Xiao Min က သူမကို ဂါရဝပြုပြီးပြောသည်
"ကောင်းသော မနက်ခင်းပါ အဘွား"

"ကောင်းသော မနက်ခင်းပါ Xiao Min"သူမက ပြန်နှုတ်ဆက်ခဲ့သည်။

Lo Qiang က သူ့ကိုကြည့်ပြီး ပြောသည်
"Xiao Min မင်း အိမ်ပြန်ပြီး အနားယူနိုင်ပြီ"
ထိုအခြားလူက သူ့ကိုဂါရဝပြုပြီး ထွက်သွားသည်။

Lu Jinhai ရဲ့ မတော်တဆမှု အပြီးမှာတော့ Lu စီးပွားရေးလုပ်ငန်းတွင် အရှုပ်အထွေး ဖြစ်ပေါ်ခဲ့သည်။ထိုကာလတွင် Lu Qiang က အကုန်လုံးကို တာဝန်ယူခဲ့သည်။

ကုမ်ပဏီထဲက လူအများအပြားသည် သူ့ကို ဆန့်ကျင်ပြီး ပြသနာများဖန်တီးပေးကြသည် သို့သော်လည်း သူက အဖေတူပြီး ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသော လူတစ်ယောက်ဖြစ်သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now