Centroid of the Triangle!!

585 40 0
                                    

အချိန်ခဏလောက်အကြာ လုဖန်းက လုလီကျွင်းကို ကြည့်ရင်း ပြောလိုက်၏ "မင်း ခန်းမကို ပြန်သွားသင့််တယ်။အခုလောက်ဆို လုချောင် အဲ့ဒီမှာ ရှိနေလောက်ရောပေါ့။အစ်ကို မကြာခင် အဲ့ကို လာခဲ့မယ်နော်။"

"Ok အစ်ကို လုဖန်း"ထို့နောက် လုဖန်းနဲ့ လုလီကျွင်းက ခန်းမသို့ ပြန်သွားတော့သည်။

လုဖန်း ထိုင်နေရာမှ ထလိုက်ကာ ခုံတန်းရှည်နဲ့ နီးသော သစ်ပင်ဆီကို သွားလိုက်၏။သူရဲ့ စီးကရက်ဘူးနဲ့ မီးခြစ်ကို ပြန်ထုတ်လိုက်တယ်။ဆေးလိပ်တစ်လိပ်ကို သူ မီးညှိလိုက်ပြီး ခြေထောက်တစ်ဖက်ကို နောက်ပြန်ကွေးရင်း သစ်ပင်ပင်စည်မှာ ကျောမှီကာ ရပ်နေတော့သည်။ဆေးလိပ်သောက်နေရင်း သူ့အတွေးတွေနဲ့ သူ အလုပ်ရှုပ်နေရင်း ဆေးလိပ်တွေကလည်း တစ်လိပ်ပြီးတစ်လိပ် ကုန်လာခဲ့၏။အချိန်အနည်းငယ်အကြာ သူနှင့် အတိအကျ ထောင့်မှန်ကျကာ ဆန့်ကျင်ဘက်နေရာတွင်ရှိသော အရိပ်အရ အဆောက်အအုံထဲသို့ ဝင်သွားသည့် ပန်းရောင်ဂါဝန်နဲ့ မိန်းကလေးတစ်ယောက်ကို သူ မြင်လိုက်လေတယ်။ထိုမိန်းကလေးက အဆောက်အအုံရဲ့ လက်ရန်းကို မှီရင်း အဲ့ဒီနေရာမှာပဲ ရပ်နေခဲ့လေသည်။သူမက မချင့်မရဲဖြစ်နေပုံပေါ် ပြီး လက်ချောင်းတွေကတော့ သူမရဲ့ ဘုရားကျောင်းကို ဖိနေတယ်။သူမဟာ အဝေးမှာ ဖြစ်တဲ့အတွက်ကြောင့် သူ သူမရဲ့ မျက်နှာကို မမြင်ရနိုင်ပေ။
(T/N:44မှာတုန်းက ကျန်းယွီယန်က ဘုရားစာရွတ်ရင်း စိတ်လျှော့နေခဲ့တယ်လေ လုဖန်းက သူ့ကို မမြင်ရနိုင်တဲ့ နေရာမှာရှိနေလို့ ဘုရားကျောင်းကို ဖိနေတာပဲ မြင်တာပါ မကွဲမှာစိုးလို့)

သူမကို သူကြည့်နေရင်း သူ့လက်ထဲက စီးကရက်တစ်လိပ်တောင် ကုန်နေလေပြီ။စီးကရက်ဘူးကို သူ ထပ်ဖွင့်လိုက်ပြီး နောက်တစ်လိပ်ထုတ်မည် လုပ်သော်လည်း အထဲမှာ တစ်လိပ်မှ မကျန်တော့ချေ။ထိုဘူးကို အနီးနားက အမှိုက်ပုံးထဲ ပစ်လိုက်ကာ စင်္ကြန်လမ်းကို ဖြတ်ပြီး သန့်စင်ခန်းရှိရာသို့ ဦးတည်တော့တယ်။ခန်းမသို့ ပြန်ဝင်မခင်လေး သူ လန်းဆန်းသွားအောင် လုပ်ချင်သည်။

သူက စင်္ကြန်လမ်းရဲ့ ဘယ်ဘက်ကို လှည့်ချိန်မှာပဲ လုချောင်ကလည်း ခန်းမကနေ ထွက်လာခဲ့၏။နှစ်ယောက်လုံးက တစ်ယောက်ချင်းစီ မိနစ်အနည်းငယ်စာသာ လွဲသွားကြလေသည်။လုဖန်း လန်းဆန်းသွားအောင် လုပ်ရန် သန့်စင်ခန်းသို့ သွားတော့တယ်။သူ သန့်စင်ခန်းက ပြန်ထွက်လာချိန်မှာပဲ သူ့ဖုန်းက မြည်လာခဲ့၍ ဖုန်းကိုင်ရန် စင်္ကြလမ်းမှာ ရပ်နေလိုက်သည်။ကြည့်ရတာတော့ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှု ဖြစ်ပုံရကာ လုမိသားစုမှ အခြား 'စကားအနည်းဆုံးဖြစ်တဲ့ ယောကျာ်းက'ထိုခေါ်ဆိုမှုအပေါ်မှာ အချိန်အကြာကြီး သုံးခဲ့၏။သူ ဖုန်းပြောပြီး ဆက်လျှောက်လာခဲ့သည့်နောက်တွင် မိန်းကလေးတစ်ယောက်က သူ့ကို ဝင်တိုက်ခဲ့လေတယ်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now