You Are Crushing My Grandpa's Dream...

945 69 3
                                    

လုချောင်က သူ့လက်ထောက်နှင့်အတူ စားသောက်ဆိုင်သို့ ရောက်လာခဲ့၏။စည်းကမ်းတင်းကြပ်တဲ့ မော်ခေတ်မှာ မေ့လျော့ခြင်းခံခဲ့ရသဖြင့် 'ပြန်မရနိုင်တော့သော ဖော်စပ်နည်းများ'ဟု သတ်မှတ်ထားသည့် ချင်မျိုးဆက် မှ ရှေးဟောင်းပန်းကန်များနှင့် တည်ခင်းသောကြောင့် ထိုစားသောက်ဆိုင်က နာမည်ကြီးသည်။စားသောက်ဖွယ်စာရင်းတွင် အကောင်းဆုံး ပီကင်းဘဲ ၊ အတွင်းဘက်ကျသော မွန်ဂိုလီယန် သိုးငယ်လေးရဲ့ ခြေထောက်ကင်နှင့်နံရိုး ရှန်းရှီ ခေါက်ဆွဲ စသည့်တို့ အပြင် တစ်ခြားအရသာရှိသော ဟင်းပွဲများလည်း ပါဝင်သည်။

လုချောင်က အစည်းအဝေးပွဲတွက် ကြိုတင်မှာထားသော သီးသန့်အခန်းထဲသို့ ဝင်သွားလေသည်။ခုံခြောက်ခုံပါရှိသော စားပွဲကို အစိမ်းရောင် ပန်းတစ်ပွင့်ထိုးထားသော ပန်းအိုးဖြင့် တန်ဆာဆင်ထား၏။အတွင်းပိုင်းတွင်တော့ စားသောက်ဖွယ်စာရင်းနဲ့ ဆင်တူစွာ ရှေးဟောင်းနှင့်ခေတ်ဆန်ခြင်းကိုရော၍ အံဝင်ခွင်ကျဖြစ်အောင် အလှဆင်ထားသည်။

"သူဌေး ကျွန်တော်တို့ ဧည့်သည်တွေက ဆယ့်ငါးမိနစ်အတွင်း ရောက်လာပါလိမ့်မယ်။အဝေးပြေးလမ်းမှာ ယာဥ်သွားလာ လမ်းပိတ်ဆို့နေလို့ အနည်းငယ် နောက်ကျပါမယ်တဲ့"နင်ကောဇီ ရဲ့လက်ထောက်ဆီမှ ဖုန်းလက်ခံရရှိပြီးနောက် ရှောင်မင်က အသိပေး၏။နင်ကောဇီသည် နင်အုပ်စု၏ အကြီးအကဲ ဖြစ်သည်။လုချောင်ကတော့ သူ့ရဲ့ ဆဲလ်ဖုန်းကိုပဲ ကြည့်ရင်း အလုပ်ရှုပ်နေတာကြောင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြလေသည်။သူက အိုကေ တစ်လုံးသာပြောပြီး သန့်စင်ခန်းသို့ ထွက်သွားတော့သည်။

_____________

စားသောက်ဆိုင်ရဲ့ တစ်ခြားတစ်ဖက် မှာတော့

ကျန်းယန် နှင့် ကျန်းယွီယန်တို့ စားသောက်ဆိုင်ထဲဝင်လာပြီး တစ်ခုတည်းသော တန်ဖိုးကြီး ခန်းမတွင် ခုံများစွာ ချထားသည့်အနက် မှ ထမင်းစားခန်း ဧရိယာတွင် ထို်င်ဖို့ ရွေးလိုက်၏။

သူတို့ ကုလားထိုင်မှာ ထိုင်ထိုင်ချင်းပဲ စားပွဲထိုးက ရောက်လာလေသည်။သူက  နှုတ်ဆက်ပြီး သူတို့ စားချင်တဲ့ အရာများကို ဆုံးဖြတ်ချက် ချနိုင်ရန် မထွက်သွားမီ စားသောက်ဖွယ်စာရင်းကတ်ပြား ပေးခဲ့၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now