The Foundation Day Of The Family

455 40 0
                                    

"ဒါက များလွန်းတယ်" ကျန်းယွီယန် မျက် မှောင်ကြုံ့လိုက်၏။

ကျန်းယန်က ရယ်မောရင်း ပြောလေတယ် "ဒါပေမယ့် ကံဆိုးချင်တော့ မင်းက အခုထိ အပျိုပဲ ရှိသေးတယ် မပြောပေမယ့်လည်း မင်း အခုထိ မင်းရဲ့ ပထမဆုံး အနမ်းကို စောင့်နေသေးတုန်းလို့ ငါထင်တယ်"

"အစ်ကို ဘာလို့ အဲ့လောက်တောင် သေချာနေတာလဲ?"သူမ မေးလိုက်၏။

"မင်းမှာ ဘယ်တော့မှ ကောင်လေးတစ်ယောက် မရှိဘူး၊အထက်တန်း ကျောင်းမှာတည်းက မင်းကို အမိဖမ်းချင်တဲ့ ကောင်လေးတွေကို မင်းရိုက်ခဲ့တာလေ အဲ့ဒီတည်းက မင်းကို စကားပြောဖို့ ကြိုးစားတဲ့ ယောကျာ်းလေးတွေ မရှိတော့ဘူးဆိုတာ ငါသိတယ်"အစ်ကိုက ပြန်ပြောလေသည်။

"နမ်းဖို့အတွက် ယောကျာ်းလေး တစ်ယောက် ရှိဖို့် လိုအပ်တာလား?"သူမ ဆန့်ကျင်လိုက်တယ်။

"Oh! ဆိုလိုတာက မင်းမှာ ပထမဆုံး အနမ်း ရှိတယ်ပေါ့?"သူတွေးမိပြီး စိတ်လှုပ်ရှားသွားကာ သူ့အသံတွင်လည်း မသင်္ကာမှုတွေက ရောနှောနေ၏။

"ညီမ အဲ့လိုမပြောပါဘူး"သူ့ရဲ့ မျက်လုံးတွေကို သူမ ရှောင်လိုက်ပြီး ကုတင် အစွန်အဖျားတွင် ထိုင်လိုက်ကာ သူမရဲ့ အခိုးခံရတဲ့ အနမ်းကို အမှတ်ရသွားတော့သည်။

"မင်းရဲ့ အမူအရာကို ကြည့်ရရင်.......တစ်စုံတစ်ခုကတော့ ငါးညှီနံ့ရနေပြီ"သူမ အစ်ကိုက မျက်နှာကို စူးစိုက်စွာ ကြည့်နေသော်ငြားလည်း သူမကတော့ စစ်ဆေးမေးမြန်းလိုသည့် သူရဲ့ အကြည့်များကို တိမ်းရှောင်နေလေ၏။

"အစ်ကိုရဲ့ ဦးနှောက်ကို အလုပ်မပေးနဲ့၊အသုံးမဝင်ဘူး"သူမ ခြိမ်းခြောက်လိုက်တယ်။

"ငါ နားလည်ပါတယ်။ဒါပေမယ့် မင်း ချစ်မိသွား ပြီးနောက် မှာတော့ ဒီစိတ်ဆိုးနေတတ်တဲ့ ငှက်ကလေး ယဥ်ကျေးသွားမယ့်နေ့ကို ငါစောင့်နေတယ်"

"ဖြစ်လာမှာ မဟုတ်ဘူး" သူမ ခေါင်းမာစွာ ပြန်ပြောလိုက်သည်။

"မင်း ဘယ်တော့မှ မသိပါဘူး"သူ ပခုံးတွန့်လိုက်တယ် "ဒါပေမယ့် ငါ သေချာတယ် ဒီအကောင်းဆုံး အစ်ကို ငါက ပထမဆုံး ဒါကို ရှာတွေ့တဲ့သူ ဖြစ်လိမ့်မယ်"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now