To Make a Baby,Marriage is Not Necessary..

4.4K 270 5
                                    


လွန်ခဲ့သောဆယ့်တစ်နှစ်က

Lu မိသားစု စံအိမ်တော်ဝယ်

ဧည့်ခန်းထဲတွင် Lu မိသားစုသည် မိသားစု အစည်းအဝေးဖြစ်လုနီးနီး ဆွေးနွေးနေခဲ့ကြသည်။အခန်းသည် သူမတူထူးကဲစွာကြီးမား၍ အခန်းလယ်တွင် လေးထောင့်ပုံ ဆိုဖာရှည်နှင့် လှပစွာ လှီးဖြတ်ထားသော သစ်သားခုံ ထားရှိသည်။မျက်နှာကျက်၏ အလယ်တည့်တည့်တွင် အဖြူရောင်မီးဆိုင်းကြီးသည် ခမ်းနားလှပစွာ တည်ရှိနေသည်။

နံရံများတွင် တန်ဖိုးကြီးမားသော ပန်းချီကားများဖြင့် အလှဆင်ထားကာ ပန်းချီကားတစ်ခုစီတွင် သေးငယ်သော နံရံကပ်မီးအိမ်များ တပ်ဆင်ထား၍ အလင်းရောင်သည် ပန်းချီကားပေါ်သို့ အရိပ်ကျရောက်နေပြီး လှပခြင်းကို မီးမောင်းထိုးပြနေခဲ့သည်။ထောင့်ချိုးရှိ သစ်သားစင်ပေါ်တွင် ရှေးကျ၍ တန်ဖိုးကြီးမားသော အလှပြပစ်စည်းများ နေရာယူနေခဲ့သည်။ကြီးမားသော မှန်တံခါးကြီးများက နေရောင်ကို ဧည့်ခန်းထဲသို့ ဝင်ခွင့်ပြုထားပြီး တောက်ပနေခဲ့သည်။

မိသားစုခေါင်းဆောင်ဖြစ်သော Lu အကြီးအကဲ၏ ငါးဆယ့်ငါးနှစ်မြောက် မင်ဂလာနှစ်ပတ်လည်နေ့အကြောင်းကို ဆွေးနွေးနေခဲ့ကြတာဖြစ်ပြီး ထိုအကြီးအကဲစုံတွဲအတွက် ခမ်းနားကြီးကျယ်သော မင်ဂလာနှစ်ပတ်လည် ဧည့်ခံပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။မိသားစုတစ်စုလုံးသည် ထိုပွဲအတွက် စိတ်လှုပ်ရှားနေလျက် ရှိကြသည်။

အကြီးအကဲ Lu Huan သည် အသက်ကြီးပုံပေါ်၍ နှလုံးသား နုပျိုသော ထိုယောကျာ်းသည်
သူ၏မိန်းမဖြစ်သူ Zhao Shuang နှင့် ဆိုဖာအရှည်တွင် ထိုင်နေခဲ့ကြသည်။သူ၏ မျက်လုံးအောက်ရှိ အရေပြားများပါ တွန့်ကွေးနေအောင် ပြုံးနေခဲ့ပြီး သူ့၏ မျက်လုံးနက် များကတော့ တိုတောင်းလှသောအချိန်ကာလတစ်ခုကို ပျော်ရွှင်မှုများစွာဖြင့် နေထိုင်ရန် စိတ်လှုပ်ရှားနေခဲ့ကာ မုတ်ဆိတ်အပြောင်ရိပ်ထားသော မျက်နှာနှင့် ရှင်းလင်းပြတ်သားသော ပုံပန်းသွင်ပြင်တို့က သူ့အား သေသပ်သောလူအိုကြီးတစ်ယောက် ဖြစ်ကြောင်း ပြုလုပ်ပေးသည်။

သူ့၏ ဇနီးဖြစ်သူ Zhao Shuangသည် လှပ၍တင့်တင်သော အမျိုးသမီးကြီးဖြစ်သည်။သူမသည်လူတိုင်းပေါ်တွင် ကြင်နာသနားတတ်သည်သို့သော်လည်း တစ်ချိန်တည်းမှာပင် စည်းကမ်းတင်းကျပ်သည်။သူမသာလျှင် အကြီးကဲ Luကို ကြောက်စရာကောင်းသော ခြင်သေ့ မှ နာခံတတ်သော ခွေးတစ်ကောင်ပမာ ပြောင်းလဲနိုင်သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now