What A Rude Child!

640 42 0
                                    

ထိုစကားကို ကြားလိုက်ရ၍ ကျန်းယွီယန်မှာ အ့ံအားသင့်သွားကာ လုချောင်ကို လှည့်ကြည့်လိုက်တော့၏။လုချောင်ကလည်း သူမကို ကြည့်နေကာ 'ဒါက အမှန်ပဲ'လို့ ပြောနေသလို ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြရင်း ပြုံးပြလေသည်။လူတိုင်းက လုချောင်နဲ့ ကျန်းယွီယန်ကို စနောက်ရင်း အလုပ်ရှုပ်နေကြလေတယ်။ဒါပေမယ့် ထိုလူ အားလုံးထဲမှ လုလီကျွင်းကတော့ မပျော်နိုင်ချေ။

"အစ်ကိုက သူမနဲ့ တကယ် ကခဲ့တာလား?"ဝမ်းနည်းနေသော အမူအရာနှင့် လုလီကျွင်းက မေးလေတယ်။

"Huu!"လုချောင်က သူ့ကို ကြည့်လာရင်း ခေါင်းငြိမ့်ပြသော်လည်း ဘာမှ ထပ်မပြောပေ။လုလီကျွင်းက သူ့အကြည့်တွေကို ကျန်းယွီယန်ဆီသို့ ရွှေ့လိုက်ကာ ဖျက်စီးလိုသော အကြည့်နှင့် စိုက်ကြည့်လိုက်တော့သည်။'ကျွန်တော့် အစ်ကိုနားက ဝေးဝေးနေ'ဆိုတဲ့ ပုံစံမျိုးနဲ့ လုချောင်ရဲ့ လက်ကို သူ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားလိုက်၏။

ကျန်းယွီယန်က သူ့ရဲ့ တုံ့ပြန်မှုကို သတိပြုမိသော်လည်း လျစ်လျူရှုလိုက်ကာ လုလီကျွင်းဟာ ကလေးငယ်လေးတစ်ယောက် ဖြစ်ကြောင်း တွေးတောနေလိုက်ရလေတယ်။ထို့နောက် သူမ တစ်ခြားသူတွေကို ကြည့်ပြီး ပြောလိုက်၏ "ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်ပြုပါဦး​ေနာ်"
်သူမ အစ်ကို လက်ကိုကိုင်လိုက်ပြီး သူ့ကို သူမနဲ့အတူ ဆွဲခေါ်သွားလိုက်တော့သည်။လုတွေနဲ့ ဝေးတဲ့နေရာရောက်တာ သေချာမှသာ သူတို့ ရပ်လိုက်ကြ၏။

"ဘယ်လို ရိုင်းလိုက်တဲ့ ကလေးလဲ!"သူမက မျက် မှောင်ကြုံ့နေသည်။

"ဘယ်သူလဲ?လုလီကျွင်း"

"Huu"သူမ ခေါင်းငြိမ့်ပြလိုက်၏။

"မဟုတ်ပါဘူး!ငါ မြင်ရတာတော့ သူက သူ့အစ်ကိုကြီးကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်နေတာပါ"အခုထိ သူ့အစ်ကို လက်ကိုကိုင်ထားဆဲဖြစ်သော လုလီကျွင်းကို ကြည့်လိုက်ရင်း ပြောလေတယ်။လုလီကျွင်းရဲ့ အေးစက်တဲ့ အပြုအမူတွေက သူ့ညီမနဲ့ ပက်သက်နေတာကို ကျန်းယန်လည်း သတိပြုမိသည်။

"ဘာပဲဖြစ်ဖြစ်"

"ဒါနဲ့ မင်းပျော်ခဲ့ရဲ့လား?"လုလီကျွင်းရဲ့ အမူအကျင့်တွေကြောင့် သူမ စိတ်ဆိုးနေတာကို တွေးမိပြီး ကျန်းယန် အကြောင်းအရာ ပြောင်းဖို့ ကြိုးစားလိုက်တယ်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Hikayelerin yaşadığı yer. Şimdi keşfedin