Did you forget me?

639 36 0
                                    

သူမရဲ့ တုံ့ဆိုင်းနေမှုကို လုချောင် နားလည်၏။သူမနားသို့ သူ ရွှေ့သွားလိုက်တယ်။သူရဲ့ ဘယ်လက်နဲ့ သူမ ညာလက်ကို ကြင်နာစွာ လှမ်းကိုင်လိုက်ပြီး သူ့ရင်ဘက်၏ ညာဘက်ခြမ်းမှာ ထားရန် သူမရဲ့ ဘယ်လက်ကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ့ညာလက်ကို သူမ နောက်ကျောဆီသို့ ဖြည်းညင်းစွာ ရွှေ့လိုက်တော့သည်။သူမက ဘယ်လိုကရမယ်ဆိုတာ မသိလေဘူး။သူ့ရဲ့ ဦးဆောင်မှုနောက်ကိုသာ သူမ လိုက်နေခဲ့၏။သူမ သူနားသို့  ရွှေ့သွားရမှာကို ချီတုံချတုံ ဖြစ်နေတဲ့အတွက်ကြောင့် သူမတို့ကြားတွင် သေးငယ်သည့် အကွာအဝေးလေး တစ်ခု ရှိနေခဲ့သည်။သူတို့ ခန္ဓာကိုယ်ကြားမှ ထိုအကွာအဝေး မရှိတော့ရန် လုချောင် သူမကို ညင်သာစွာ ဆွဲလိုက်၏။ထိုသို့ ပြုလုပ်လိုက်ခြင်းက သူမ နှလုံးခုန်တာ ပိုမြန်လာခဲ့စေပြီး ထိုနှလုံးခုန်သံကိုတောင် သူမ ကြားနိုင်လေတယ်။

သူ သူမလက်ကို ကိုင်လိုက်သည့်အခိုက် ထိုသို့ပြုလုပ်ခြင်းက သူမရဲ့ ခန္ဓာကိုယ်ကို တုန်လှုပ်စေပြီး သူ့ရဲ့အနားသို့ သူမကို ဆွဲလိုက်ချိန်တွင် ထိုလုပ်ရပ်က သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြ က်သီးထသွားစေ၏။ကျန်းယွီယန်မှာ သူနဲ့ နီးကပ်စွာ ရှိနေရတဲ့အတွက် သူ့ရဲ့​နွေးထွေးတဲ့ ခန္ဓာကိုယ်ကို သူမ ခံစားနိုင်ပြီး သူ့ရဲ့ ရေမွှေးအနံ့က သူမကို အသက်ရှူမြန်စေ၏။ဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာ သူမ လုံးဝ နားမလည်နိုင်ခဲ့ပါ။

လုချောင်ရဲ့ မျက်နှာတွင်တော့ သူ့ပုံစံအတိုင်း အေးစက်သော အမူအရာ ရှိနေသော်လည်း သူ့မျက်လုံးတွေက တစ်စုံတစ်ခုကို ပြောနေတယ်ဆိုတာ ဘယ်သူမှ မမြင်နိုင်ကြပေ။သူမ အရပ်က ပုသလို သူမက တစ်ချိန်လုံးမျက်လွှာချထားတဲ့အတွက် သူရဲ့ မျက်လုံးတွေကို သူမလည်း မမြင်နိုင်ခဲ့ဘူး။သူကိုင်ထားတဲ့ သူမရဲ့ နူးညံ့တဲ့ လက်တွေကို ခံစားနိုင်ပြီး သူ ရှူရှိုက်ချင်သေးတဲ့ ချိုမြတဲ့ အနံ့လေးကိုလည်း သူမကိုယ်ပေါ်မှ အနံ့ရလေတယ်။သူရဲ့ နှလုံးခုန်နှုန်းကလည်း မြန်နေခဲ့၏။သူတို့ရဲ့ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို နှစ်ယောက်လုံး နားလည် သဘောပေါက်ကြသည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now