Gift From A Little Guy...

457 44 0
                                    

ကျန်းယွီယန် ထူးထူးခြားခြား တည်ကြည်လေးနက်သော အမူအရာတစ်ခုနှင့် သူမ အစ်ကို ဘက်ကို လှည့်လိုက်သည်။သူမရဲ့ ရုတ်တရက် ပြောင်းလဲသွားမှုက ကျန်းယန်ကို လန့်သွားစေ၏ ဘာကြောင့်ဆိုတာ သူ မမေးနိုင်ခင်မှာပဲ သူမက ရှေ့သို့ လျှောက်လာကာ သူ့ကို ဖက်လေတယ်။

"ညီမအတွက် အစ်ကို လုပ်ပေးခဲ့တဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်၊အစ်ကိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကိုပါပဲ"

သူ ဘာမှမပြောနိုင်တော့ပဲ သူမကိုသာ ပြန်ဖက်လိုက်တော့သည်။သူမ ဖက်ထားရာမှ နောက်သို့ပြန်ဆုတ်လိုက်သည့်အခိုက် ကျဆင်း​ေတာ့မည့် မျက်ရည်များကို သူမ ထိန်းလိုက်၏။

"အစ်ကို့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ညီမက အစ်ကို့ဆီမှာ ဖြစ်ပေါ်တဲ့ အကောင်းဆုံးအရာပါကွာ။ဒီလို ချစ်ရာကောင်းတဲ့ ညီမလေးတစ်ယောက် ရှိတာ အစ်ကို့အတွက် ဆုထူးပါပဲ"

ထိုအခိုက် သူ့၏ မျက်လုံးများကလည််း စိုစွတ်နေခဲ့သည်။အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်သော လူတစ်ယောက်တွင် ဒီလို စိတ်ခံစားမှုမျိုး မြင်ရခဲလေ၏။ "ဒါပေမယ့် မင်း တစ်စုံတစ်ခု မှားနေတယ် ညီမလေး"သူ ရုတ်တရက် ပြောလိုက်၏။

"ဘာလဲ?" သူဘာကို ဆိုလိုမှန်း သူမ စူးစမ်းလိုက်သည်။

"ငါက အကောင်းတကာ့ အကောင်းဆုံးပဲ"ရွှင်မြူးနေကျ သူ့ရဲ့ ပုံစံအတိုင်း ပြုံးလိုက်ရင်း သူ ပြောလိုက်လေတယ်။

"ဒီမှာ အစ်ကို့လို အစ်ကိုမျိုး မရှိတော့ပါဘူး"သူ့ကိုယ်သူ ဂုဏ်ယူနေသည့် ကျန်းယန်အား သူမ ဒီတိုင်း လွှတ်ထားလိုက်တော့၏။

"မင်းအစ်ကို လုပ်ခဲ့သလိုမျိုး မင်းကို စောင့်ရှောက်ပေးနိုင်တဲ့ ယောကျာ်းတွေ့ရင် ဆွဲထားလိုက် ပြီးရင် သူ့ကို ဘယ်တော့မှ လွှတ်မပေးနဲ့တော့"ကျနး်ယန် ဟာသလုပ်လိုက်သည်။

"ညီမလည်း ဒီလိုမျိုးကို ကြိုက်ပါတယ် ဒါပေမယ့် အဲ့လိုပုံစံမျိုး တစ်ယောက် မှ မရှိတော့မှာ ညီမ ကြောက်တယ်"

"ဟုတ်တာပေါ့၊မင်း အနီးအနားကို ကြည့်ဖို့လိုတယ်၊ အခုတော့ သွားရအောင် ငါတို့ နောက်ကျနေပြီ"သူ ပြောလိုက်တယ်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now