Don't want to die Virgin

1K 41 0
                                    

"သူက ဒီမှာ ဘာလုပ်နေတာလဲ?"သူမ အစ်ကိုသာ ကြားနိုင်လောက်အောင် အသံနှိမ့်၍ သူမ မေးလိုက်လေတယ်။သူမရဲ့အကြည့်တေွကတော့ ထိုအမျိုးသားပေါ်မှာသာ ယခုထိတိုင် တစ်သမတ်တည်း ကျရောက်နေတုန်းပင်။

"သူက တကယ့်ကို ချမ်းသာပါတယ်လို့ ငါ မင်းကို ဟိုတစ်ခေါက်က ပြောသားပဲ။ဒါဆို သူက လုမိသားစုနဲ့ ရင်းနှီးတာ ဖြစ်ရမယ် ပြီးတော့ ငါတို့လိုပဲ ဒီပွဲကို တက်ရောက်ဖို့ လာတာနေမှာပေါ့ကွ"သူကလည်း ထိုယောကျာ်းကို ကြည့်ရင်း အသံနိမ့်နိမ့်နှင့် ပြန်ဖြေလိုက်သည်။

လုချောင်က ခန်းမထဲသို့ ဝင်လာခဲ့ပြီး ဘိုးဘွားတွေဆီ သွားနေသော သူ့ရဲ့ လမ်းတွင် ဧည့်သည်များက သူ့ကို စတင် နှုတ်ဆက်ကြလေ၏။လုချောင်က သူမတူထူးကွဲစွာ ချောမောလွန်းသည်။သူ့ရဲ့ ပြိုင်ဘက် မရှိသော အရှိန်အဝါက လူတိုင်းကို ဖမ်းစားထားခဲ့၏။ထိုနေရာတွင် ရှိနေ​ေသာ မိန်းကလေးမှန်သမျှက သူ့ရဲ့ အာရုံစိုက် မှု ရရှိရန် စိတ်အားထက်သန်နေကြတယ်။

လုချောင် လမ်းတစ်ဝက် အရောက် မှာတော့ သူ့ရဲ့ ဘိုးဘွားတွေနဲ့ အကွာအဝေးအနည်းငယ်မှာ ရပ်နေကာ သူ့ကို ကြည့်နေသည့် ပန်းရောင် ဂါဝန် ဝတ်ဆင်ထားသော လှပတဲ့ မိန်းကလေးကို သူ့အကြည့်တွေ ကျရောက်သွားလေ၏။သူပြုံးလိုက်ကာ သူ့ အကြည့်တွေက ကျန်းယွီယန်ပေါ်မှာသာ တစ်သမတ်တည်း ရှိနေရင်း သူ့ရဲ့ အဘိုးအဘွားတွေဆီကို ဆက်လျှောက်သွားတော့သည်။

"သူကမင်းကို ကြည့်နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ?" ထို အမျိုးသားရဲ့ အကြည့်တွေကို သူ သတိပြုမိပြီး သူ့ ညီမကို အသံနိမ့်နိမ့်ဖြင့် စကားထပ်ပြောလိုက်၏။

"သူကလည်း ညီမတို့လိုပဲ ညီမတို့ကို ဒီမှာ တွေလိုက်ရလို့ အ့ံအားသင့်သွားတာနေမှာပေါ့။တကယ်တော့ သူလည်း ညီမတို့ကို သိတယ်လေ။ သူနဲ့တူတူ ညီမတို့ တစ်ခရီးတည်း သွားခဲ့တာပဲကို။" ထိုယောကျာ်းရဲ့ အကြည့်တွေက မသက်ရောက်နေသလိုမျိုး သူမက ဒီတိုင်း ပြန်ဖြေလိုက်လေသည်။စားသောက်ဆိုင်မှာတုန်းက ထိုသူနဲ့ ကြုံခဲ့ရတာကို သူမ မပြောပြချင်ဘူး။

"အချစ်ရေ  ဒီအကြည့်တွေက 'ငါ မင်းကို သိတယ်' လို့ မဟုတ်ဘူး ဒီအကြည့်တွေက 'ငါ မင်းကို စိတ်ဝင်စားတယ်' လို့ဆိုတာကွ။သေချာကြည့်စမ်းပါ။"ကျန်းယန်  ပြန်ပြောလိုက်၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now