Feeling Like To Kill You....

798 58 1
                                    

"အစ်ကို်ယန် ညီမတို့နှစ်ယောက်စာ အတွက် မှာထားတာ မများလွန်းဘူးလား။"စားပွဲခုံတွင် ပြည့်နှက်နေသော စားကောင်းသောက်ဖွယ်များကို ကြည့်၍ ကျန်းယွီယန် မေးလေ၏။

"ဟင့်အင်း!"ကျန်းယန်က ခေါင်းကို ခါယမ်းကာ ဆက်ပြောသည်"မင်းရဲ့ သေးငယ်လှတဲ့ အစာအိမ်ရဲ့ အဆုံးမရှိတဲ့ နက်ရှိုင်းမှုကို ငါသိတယ်။မင်း ဘယ်လောက်တောင် စားနိုင်ဆိုတာ မင်းသိလား?ဒီလောက် များတဲ့ အစားအစာတွေကို မင်းဘယ်နေရာမှာ သိုလှောင်နေလဲလို့ ငါ အမြဲ စူစမ်းနေမိတယ်။ဒါပေမယ့် မင်းက ဝမလာဘူးနော်"

"ညီမက ကောင်းမွန်တဲ့ ဇီဝကမ္မဗေဒကို ဆုထူးအဖြစ်ရထားတယ်လေ"သူမ မျက်စိရှေ့မှ အရသာရှိတယ့် အစားအစာကို စတင် တူးဆွနေရင်း ကျန်းယွီယန်က ပြုံးကာ ပြော၏။

သူတို့နှစ်ယောက်လုံးက ဆာလောင်နေကြကာ မျက်စိ ရှေ့မှာ ရှိနေတဲ့ အရသာရှိတဲ့ စားဖွယ်ရာတွေကို မခုခံနိုင်တော့ပဲ အချိန်ခဏလေး အတွင်းမှာပဲ စားလို့ပြီး သွားကြတော့သည်။သူတို့ရဲ့ ကျယ်လောင်တဲ့အသံ ထွက်နေတဲ့ အစာအိမ်မှာ နေရာတစ်နေရာတောင် မရှိတော့လောက်ဘူးလို့ စဥ်းစားမိသွားလောက်အောင် အစားအစာတွေက အရသာရှိလွန်းလှတယ်။သူတို့ စားနေတဲ့ အချိန်တုန်းက နှစ်ယောက်လုံး စကားတစ်လုံးတောင်မှ ထွက် မလာခဲ့လေဘူး။စားသောက်ပြီးတဲ့ နောက် မှာတော့ ငွေ ပေး​ချေပြီး ထွက်လာလိုက်ကာ ဝင်ပေါက် မှာ ရပ်နေလျက် သူတို့ရဲ့ကား ရောက်လာမည်ကို စောင့်နေကြ၏။

_ _ _ _ _ _ _ _ _

တူညီတဲ့ ဟိုတယ်ရဲ့ သီးသန့် အခန်းထဲမှာတော့

လုချောင်နဲ့ နင်ကောဇီသည် သူတို့ရဲ့ မကြာသေးခင်က ပူပေါင်းမှုကို ဆွေးနွေးနေခဲ့ကြသည်။နေ့လည်စာ စားပြီးတဲ့နောက် မှာတော့ သူတို့ စာချုပ်စာတန်းတွေကို လက် မှတ်ထိုးကြပြီး သီးသန့်ခန်း၏ အပြင်သို့ ထွက်လာခဲ့ကြ၏။အပေါက်ဝသို့ ရောက်သောအခါ လုချောင်က နင်ကောဇီနဲ့ နှုတ်ဆက်စကား ပြောဆိုပြီး ကားလာချိန်မှာတော့ နင်ကောဇီသည် သူ့လက်ထောက်နှင့်အတူ ထွက်သွားတော့သည်။

လုချောင် ကားကို စောင့်နေစဥ်မှာပဲ တံခါး၏တစ်ဖက်တွင် စကားလက်ဆုံကျရင်း ရပ်နေကျနေသာ မောင်နှစ်မ နှစ်ယောက်ကို သူမြင်လိုက်ရလေ၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now