A Gift from Grandpa Lu...

825 68 2
                                    

Jiang Yuyan ရဲ့ အခန်းတွင်

Jiang Peizhi နဲ့ Mo Ruolan သည်  မျက်နှာပေါ်တွင် အပြုံးများ ဆင်ယင်ထား၍  သူတို့၏ ကလေးများ နောက်တွင် ရပ်နေကြသည်။

"သမီး အဲဒါကို ကြိုက်လား,Yuyan" Mo Ruolanက မေးသည်။

"သမီး ဒါကို ချစ်တယ် အမေ ကျေးဇူးအများကြီးတင်ပါတယ် "Jiang Yuyan က ကွဲအက်သော အသံဖြင့်ပြောသည်။သူမက လှည့်၍ သူမ မိဘတွေကို ဖက်ရင်း သူမမျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာသည်။

ထိခိုက်နစ်နာသွားသော Jiang Yang သည် သူ့ညီမကို လက် များဖြင့် ဆွဲယူလိုက်ပြီး သူမအနေအထားအတိုင်း သူကိုယ်တိုင် သူမ နေရာယူရင်း အစားထိုးသည် ထို့နောက် အသံကိုနှိမ့်ချကာ သူမ စကားလုံးများကို ကူးယူ၍ "သားလည်း အဲ့ဒါကို ချစ်တယ် အမေ ကျေးဇူးအများကြီးတင်ပါတယ်"

ချစ်ခင်မှုကို ပြသခြင်းက လန့်သွားစေသော်ငြားလည်း မိဘ​ေတွက နွေးထွေးစွာပြုံးသည်။

"Hey!" Jiang Yuyanက မျက် မှောင်ကြုံ့သည် "အစ်ကိုက သူတို့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ ဒါက ညီမလေး အခန်း အစ်ကိုက ပြဇာတ်မဘုရင်မ တစ်ယောက်လို ဘာလို့ဖြစ်နေတာလဲ"

Jiang Yangက သူ့ညီမဘက်သို့ လှည့်ရင်း အကြောက်ကင်းမဲ့စွာ ပြောသည် "ငါ့ အခန်းအတွက် သူတို့ကို ကျေးဇူးတင်နေတာ အကြောင်းမဲ့ ငိုတတ်တဲ့ ကလေး ပေါက်စရဲ့"

"အစ်ကိုက ဘယ်သူ့ကို အကြောင်းမဲ့ ငိုတတ်တဲ့ကလေး တစ်ယောက်လို့ ခေါ်နေတာလဲ"Jiang Yuyan ကလှောင်သည် "အစ်ကိုသာပြဇာတ်ဘုရင်မ အစောတုန်းက အစ်ကို ဘာလို့ ကျယ်လောင်စွာ အော်လိုက်တာလဲ"

Jiang Yang ကပြုံးရင်း သာမန်ကာလျှံကာ ​ေပြာသည် "မင်းလည်း အော်တာပဲ ဒါ့ကြောင့် မင်းလိုပဲ ငါ့ရဲ့ပျော်ရွှင်မှုကို သိရှိစေဖို့ မည်မည်ရရ တုံ့ပြန်မှု တစ်ခု ပြရမယ်လို့ ငါထင်တယ် " သူက သူမကို လျှာထုတ်ပြသည် "အခု မင်းပြော ဘယ်သူက တကယ့် ပြဇာတ်ဘုရင်မလဲ"

"အစ်ကို..."Jinang Yuyan သည် သူမအစ်ကိုကို ကျီစားမည်ပြုတိုင်း စကားလုံး အတိုများသာ အမြဲ ထွက်လာသည်။

"အထဲကို ဝင်ရအောင်" Jiang Peizhi က သူတို့နှစ်ယောက်၏ ဦးနှောက် မရှိသည့် အငြင်းအခုံများမှ ထွက်လာရန် ဖိအားပေးဖို့ မျှော်လင့်ပေးပြီး ကြားဖြတ်ပြောသည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now