As You Wish Grandpa!!

725 65 2
                                    

Lu Lijun အခန်းသို့ ထွက်သွားသော အခါမှသာ လူတိုင်းက သက်သာရာရစွာဖြင့် သက်ပြင်းချကြသည်။လူအိုကြီးက ထိုအကောင်ငယ်လေးရှေ့တွင် တစ်စုံတစ်ခု ကဲ့ရဲ့အပြစ်တင် ပြောဆိုလိုက် မည်ကို သူတို့ကြောက်ကြသည်။

Lu Qiang က ခုံတွင်ပြန်ထိုင်၍ ကျောမှီလိုက်ကာ သူ့ရဲ့မျက်လုံးတွေကို ပိတ်လိုက်တော့သည်။

"မင်း ဘာတွေစဥ်းစားနေတာလဲ? မင်း ငါ့ရဲ့ကောင်းချီးမင်ဂလာတွေကို အသုံးပြုမှာလား အသုံးမပြုဘူးလား။" အကြီးအကဲ Lu က သူ့မြေး၏ အခြေအနေတင်းမာနေသော တုံ့ပြန်မှုကို အာရုံစိုက် မှုမပေးချေ။

"အဘိုး တစ်နေ့လောက် မြစ်တွေအကြောင်း မပြောပဲ မနေနိုင်ဘူးလား? အနည်းဆုံးတော့ Lu Lijun ရှေ့မှာလေ" Lu Qiang က စိတ်တိုစွာဖြင့် မေးသည်။

"နေ့ရက်တိုင်းကို ဖြတ်သန်းလာရတာ ငါ့ရဲ့အခေါင်းကိုတောင် တစ်ဖြည်းဖြည်း နီးကပ်လာနေပြီ ဒါတောင် မင်းက ငါ့ကို စောင့်နေစေချင်တာလား? ငါ့ကို ကန့်သတ်ကာလ တစ်ခုပေး ဒါဆို ငါ အဲ့အချိန်ထိ စကားတစ်လုံးမှ ထုတ်ပြောမှာ မဟုတ်ဘူး"အကြီးအကဲ Lu ၏ သီးခြား အသံက ထွက်ပေါ်လာပြီး ပြင်းပြင်းထန်ထန်ပြောသည်။ထိုအရာဝတ်ထုအပေါ် မျက်နှာသာ မပေးချင်သော အခါတိုင်း သူ ဒီအသံကို အသုံးပြုသည်။

'အခေါင်း'ဆိုသော စကားလုံးက လူတိုင်းကိုတစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားအောင် ပြုလုပ်ခဲ့သည်။သူတို့ချစ်သော လူအိုကြီးဆီမှ ထိုစကားလုံးကို ဘယ်သူမှ မကြားချင်ကြဘူး။သူက ရိုင်းပြသည် စေကာမူ သူတို့က သူ့ကို ချစ်ခင်မြတ်နိုးမှုသည် ပျမ်းမျှလောက်တောင် လျော့မသွားကြချေ။

Lu Qiang ကလည်း တိတ်ဆိတ်သွားပြီး သူ့ပြောမည့်စကားလုံးများကို ပြန်လည်မျိုချလိုက်၏။တကယ်တော့ သူက သူရဲ့ချစ်ခင်မှုကို ထုတ်ပြချင်းမရှိခဲ့သော်လည်း ဒီလမ်းလွဲနေတဲ့ လူအိုကြီးကို သူတကယ်ချစ်သည်။

"အိုက်တင်တွေ ပိုလို့ပြီးပြီလား အချစ်"သူမ၏ တည်ငြိမ်နေမှုနှင့်အတူ Zhao Shuang က မေးသည်။စကားလုံးတွေကို များများစားစား စဥ်းစားစရာ မလိုပဲ သူက ပြဇာတ်တွေမှာ ဘုရင်တစ်ပါး ဖြစ်ကြောင်းကို သူမ သိသည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now