I Am Handsome Since My Birth...

1.3K 132 3
                                    

ဒါကို သူတို့ ကြားလိုက်ရတဲ့အခါတွင် လူတိုင်းမူးမဲ့လဲတော့ မလိုပင်။

Lu Qiang:  'အဟွတ်...အဟွတ်'

Zhao Shuang: 'သူ့လျှာမှာ အရိုးရှိဖို့ ငါမျှော်လင့်တယ်'

Lu Jinhai: 'ဘယ်သူမှ အဖေကို အနိုင်မရနိုင်ဘူး'

Lu Chen: 'ငါ အခန်းထဲမှာပဲ နေခဲ့သင့်တာ'

Su Hui: 'ငါ့ နားတွေ မကြားခင် ပျက်စီးတော့မယ်လို့ ငါထင်တယ်'

အိမ်ထိန်း: 'ငါ့ရဲ့နားဆို့တွေကို သယ်လာဖို့ ဘာလို့မေ့နေတာလဲ'

Lu Qiang က ဒါကိုကြည့်ပြီး မူးမေ့တော့မလိုဖြစ်သွားသော်လည်း သူ့မိသားစုဝင်တွေကို ကျီဆယ် လိုက်သေးသည်။နောက်ခဏမှာတော့ မိသားစုဝင် တွေက Lu Qiang ဆီမှ ထိတ်လန့်စရာ ထုတ်ပြန်ချက်ကို ကြားလိုက်ရသည်။

" ဒါ ကျွန်တော် မဟုတ်ဘူး ကျွန်တော်ရဲ့ လမ်းကြောင်းမှာ ကြောင်ရိုင်းတစ်ကောင် ဖြတ်သွားလို့ ပြီးတော့ အရာဝတ်ထုတွေကို  ဖိတ်ကျအောင်လုပ်သလိုမျိုး ဆန်းကြယ်တဲ့ အကျင့်တွေ ကျွန်တော်မှာ မရှိဘူး ကျွန်တော် လုပ်သမျှအရာတိုင်းမှာ ကျွန်တော်က ပြီးပြည့်စုံပြီးသားပဲ"

Lu Qiang က ပြောရင်းနဲ့ အပေါ်ထပ်မှာရှိတဲ့ သူ့အခန်းကို သွားဖို့ လှည့်လိုက်ပြီးကာမှ သူက ရပ်တန့်သွားပြန်သည် ။ ထိတ်လန့်နေကြသေးတဲ့ သူ့ရဲ့ မိသားစုဝင်တွေ ဘက်ကိုလှည့်ပြီး သူက ပြောသည် "မစိုးရိမ်ပါနဲ့ အဘိုး ကျွန်တော်က အဘိုး နဲ့ အဘိုးရဲ့ အိမ် မ က်တွေကို စိတ်မပျက်စေရပါဘူး "သူရဲ့ကြေညာချက်တွေကြောင့် လန့်သွားကြပြန်သော မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်သွားသည်။

Lu Qiang ဒီလိုမျိုး ပြောတာ ဒါပထမဆုံး အချိန်ပင်။ သူက ဘယ်သူနဲ့မှလည်း date မလုပ်သလို မိန်းကလေးတွေအပေါ်မှာလည်း စိတ်ဝင်စားမှုမပြတာကို လူတိုင်းသိသည်။အကြောင်းအရင်းက
တစ်ချက်ပဲရှိတယ်  သူ တစ်စုံတစ်ယောက်ကို ကြိုက်နေတာမို့လို့ပဲ။ထိုမိန်းကလေး ဘယ်သူဆိုတာ လူတိုင်းက သိချင်ကြသည်။

Lu Qiang က သူ့အခန်းထဲကို ဝင်ကာ အပေါ်အင်ကျီကို ချွတ်လိုက်၍ အိပ်ရာပေါ်ပစ်တင်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။သူက မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့စွန်းထင်းနေသော အင်ကျီကို ထိကာ သူ့နှုတ်ခမ်းတွင်လည်း အပြုံးတစ်ခုက ဖုံးကွယ်နေခဲ့သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now