Will See You Soon Yuyan!!

1.5K 132 1
                                    

"ဒါဆို ဘယ်လိုယောကျာ်းမျိုးကို လက်ထပ်ချင်တာလဲ ငါ့ရဲ့ချစ်ရတဲ့ ညီမလေးက"Jiang Yang က စူးစမ်းချင်စိတ်ပြင်းပြစွာ မေးသည်။

"သူ့ နှလုံးသားကနေ ရိုးတွင်းခြင်ဆီအထိ ငါ့ကိုချစ်မြတ်နိုးတဲ့ တစ်စုံတစ်ယောက်၊ငါ့အတွက် ဘာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နေကမယ်၊ငါ့ အကြောင်းကိုပဲ တွေးနေရမယ်၊ငါ ဝမ်းနည်းတဲ့အခါတိုင်း ပြုံးအောင် လုပ်ပေးနိုင်ရမယ် ပြီးတော့ ဒီကမ်ဘာကြီးထဲမှာ ငါ့အတွက် အချိန်တိုင်း ရှိနေရမယ်"Jiang Yuyan က အပြုံးသေးလေးတစ်ခုနဲ့ ပြောနေသည် ဒါပေမယ့်လည်း ထိုအပြုံးဟာ မခံမရပ်နိုင်ဖြစ်နေခြင်းကို ဆွဲထုတ်ဖို့အတွက် အားစိုက်ပြီးပြုံးနေရတဲ့ အပြုံးဖြစ်နေခဲ့တယ်။

Jaing Yang က သူမ ဒီလို အဓိပ်ပါယ်မျိုး ဆိုလိုနေတာ မဟုတ်ဘူးဆိုတာ သိတယ် သူမက ဘယ်တော့မှ တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့စဥ်းစားမှာမဟုတ်ဘူး ဒါပေမယ့် သူမက အချိန်ကြာကြီး ကစားဖို့တော့ ဆုံးဖြတ်ထားတယ်။

"ကျန်တဲ့အရာတွေက ကောင်းပေမယ့် ကမ်ဘာကြီးက အချိန်အကုန်လုံးမှာ မင်းအတွက် ဘာလို့ရှိနေရမှာလဲ Umm ဒါက ရွေးချယ်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ရှိတယ်"
"အဲ့ဒါ ဘာလဲ အစ်ကို Yang"သူမ မျက်နှာတွင် မျှော်လင့်စောင့်စားချက် များရှိနေလျက် မေးသည်။

"မင်း သူတောင်းစားနဲ့ လက်ထပ်လို့တော့ရတယ်"သူက စလိုက်ပြီး သူမ အမူအရာကို စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေသည်။

"ငါပြောတဲ့ အကြောင်းအရာတွေတိုင်းသာ သူဖြည့်ဆည်းပေးနိုင်ရင် အားလုံး Ok တယ်" သူမက စိုးရိမ်သောက ကင်းနေသည်။ " မင်းတကယ်ကြီးလား Yuyan " သူကမေးသည်။

"သူတောင်းစားနဲ့ လက်ထပ်လည်း ဘာဖြစ်လဲ
ငါလည်း ပိုက်ဆံတွေရမယ် သူကလည်း ငါ့ကိုချစ်မယ် ငါ့ တစ်ယောက်တည်းကိုပဲ ချစ်မှာ ငါတို့ကလေးတွေ အများကြီးမွေးမယ် ပြီးရင် ငါကအလုပ်လုပ်မယ် သူက ကလေးတွေကို ထိန်းလိမ့်မယ်...." သူမရဲ့ ပြန်ပြောမှုက Jiang Yang ကို မှင်တက်စေသည်။မျက်လုံးတွေက ပြူးကျယ်သွားပြီး သူဘာမှမပြောနိုင်တော့ဘူး။သူက သူမကို စိတ်ဆိုးသွားဖို့သာ မျှော်လင့်ခဲ့သော်လည်း ဒီလိုတွေ ဖြစ်လာခဲ့တယ်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now