A Step Together...

840 47 6
                                    

ဒီပွဲမှာ လုချောင်က ကျန်းယွီယန်မှတစ်ပါး ဘယ်သူ့ကို မမြင်ချေ။သူ ပါတီခန်းမရဲ့ အထဲသို့ ဝင်ခဲ့လာပြီး လမ်းတစ်ဝက်အရောက် ဧည့်သည်များကြားတွင် ရပ်နေသော သူမကို သူတွေ့လိုက်၏။သူရဲ့အကြည့်တွေကို သူမဆီကနေ မလွှဲနိုင်ခဲ့လေဘူး။ရှေ့သို့ သွားနေသော သူ့ရဲ့ ခြေတစ်လှမ်းစီတိုင်း လုချောင် သူမကို သတိထား စူးစမ်းနေခဲ့မိတယ်။သူမက ရိုးရှင်းကာ လှပပြီး အပြစ်ကင်းစင်ပုံ ပေါ်လေသည်။သူ့ အတွက်ကတော့ မိတ်ကပ်ထူထူလိမ်းပြီး တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ လက်ဝတ်ရတနာတွေနဲ့ ဖုံးအုပ်ထားတဲ့ အခြား မိန်းကလေးတွေထက်စာရင် သူမက ပိုထူးခြားလေ၏။

သူမက ဇာပန်းထည် ပခုံးအကျ အင်္ကျီလက်တို ပန်းရောင် အတွန့်ဂါဝန်ကို ဝတ်ဆင်ထားလေသည်။ထိုဂါဝန်က သူမရဲ့ ဒူးခေါင်းထိအောင် ရှည်၏။ရွှေညိုရောင်ဆံပင်တွေက သူမရဲ့ တံတောင်ဆစ်ထိ ရှည်လျားပြီး အလယ်တွင် ခွဲထားကာ မချည်ပဲ ဖြန့်ထားလေတယ်။ခွဲထားတဲ့ဆံပင်တွေကို အနောက်ကို ပြန်သိမ်းပြီး နားတစ်ဖက်စီတွင် ပန်းရောင် ကလစ်နှင့် ခိုင်မြဲစွာညှပ်ထားပုံက သူမကို အထက်တန်းကျောင်းသူလေးသဖွယ် ချစ်ဖို့ကောင်းစေသည်။တစ်ချို့ဆံပင်စုလေးတွေက သူမရဲ့ ပခုံးနှစ်ဖက်တွင် ဝဲကျနေခဲ့လေသည်။သူမရဲ့ ပန်းရောင်ကျောက်ကလေး တွဲလဲပါသည့် သေးငယ်သော ရွှေရောင်ကြိုး နားကပ်လေးက မေးရိုးထိ ရှည်လျားပြီး ထိုအရာနှင့် ဆင်တူသည့် လက်ဝတ်တန်ဆာက သူမ လက်ကောက်ဝတ်မှာ ရှိလေတယ်။သူမရဲ့ ကလေးလို ​ေပျာ့ပြောင်းတဲ့ အသားအရေက မိတ်ကပ်ပါးပါးလေးတောင် မလိုအပ်ချေ။သူမရဲ့ ပါးမိုမို့မှာတော့ သဘာဝကျကျ ပါးနီကို ပန်းရောင်လေး လိမ်းခြယ်ထား၏။သူမမှာ သေးငယ် ချွန်ထက်တဲ့ နှာခေါင်းလေး၊ဂျယ်လီလို နူးညံ့သည့် နှုတ်ခမ်းကို နှင်းဆီပွင့်လွှာကဲ့သို့ ပန်းနုရောင် အဆီ ဆိုးထားပုံက တောက်ပနေလေတယ်။သူမရဲ့ ​ေရွှရောင်စွက်နေသည့် အညိုရောင်မျက်လုံးတွေက ထိန်လင်းနေတဲ့ ဒီပါတီခန်းမ အောက် မှာ တောက်ပနေတဲ့ ကြယ်လေးတစ်ခုလို သူတို့ကို အလင်းရောင်ပေးနေ၏။တောက်ပတဲ့ မျက်တောင်ရှည်တွေက ဆွဲဆောင်မှုရှိပုံ ပေါ်အောင် ပြုလုပ်ပေးလေသည်။
(T/N:ခန်းမက သွားရတာရှည်တာလား အစ်ကို လုချောင် မျက်လုံးကောင်းတာလား ကိုယ်တောင် ကြိုက်ချင်သွားတယ်🤣)

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now