The Perverted Old Man!!

774 73 1
                                    

အကြီးအကဲ Lu ရဲ့စကားကို နားထောင်ပြီးနောက် မှာတော့ Lu Qiang က လက်ဆောင်ကို ခုံပေါ်တွင် ထားလိုက် မည့်အစား သူ့လက်တွင်သာ ကိုင်ထားသည်။

"အဖေ ကျွန်တော် နဲ့ Lu Chen ကိုကျတော့  အဖေ့ရဲ့စုဆောင်းမှုတွေထဲက ဘာထူးထူးခြားခြားကိုမှ လုံးဝ မပေးခဲ့ဘူး"Lu Jinhai က မရိုးသားသော အပြုံးတစ်ပွင့်နှင့်အတူ ပြောသည်။သူက သူ့ရဲ့ညီငယ်ဘက်ကို လှည့်ပြီး "ငါမှန်တယ်မလား Lu Chen"

"ဟုတ်လား? ကျွန်တော်ဆိုလိုတာက......ဟုတ်တယ်......ဟုတ်တယ်...မင်းမှန်တယ် အစ်ကိုကြီး"

Lu Chen က အတင်းအကျပ် ပြုလုပ်ထားသည့် အပြုံးနှင့် ပြန်ဖြေသည်။အစ်ကိုကြီးဆီမှ ရုတ်တရက်အမေးသည် သူ့ကို လန့်စေခဲ့သည်။သူ့ဆီသို့ ပစ်လွှတ်လိုက်သော စကားလုံးတွေကို ပြောင်းလဲရန် သူ အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် စဥ်းစားထားသကဲ့သို့ ပြန်ဖြေသည်
'ဒီကိစ်စတည်း ဘာလို့ဆွဲထည့်ရတာလဲ အစ်ကိုကြီး ဒါနဲ့ပတ်သတ်ပြီး ဆိုးသွမ်းတဲ့ ခံစားချက်တွေ ရနေတယ်'

"အဲဒါကြောင့်လား"မေးနေရင်း အကြီးအကဲ Lu က ဆက်ပြောသည်။"ဒီလို လက်ဆောင် မင်းကို ပေးဖို့အတွက် သိပ်တော့ မနောက်ကျသေးပါဘူးငါမင်းကို တစ်ခြားတစ်ခု ပေးမယ် မင်းအဲ့ဒါကို အချိန်တစ်ချို့ အတွက် အသေအချာကို အသုံးပြုနိုင်လိမ့်မယ်"သူ့မျက်နှာပေါ်တွင် ဆင်ခြင်စဥ်းစားနေသော သွင်ပြင်တစ်ခုနှင့်အတူ အကြီးအကဲ Lu ကပြန်ဖြေသည်။

တစ်ခြားလူတွေ စကားပြောနေစဥ်တွင် Lu Qiang က အထဲတွင် ရှိမည့်အရာကို မြင်ရရန် အဖြူရောင်အထုပ်၏ အတွင်းကို အနီးကပ်ကြည့်နေသည်။ထိုအရာက စာအုပ်ဟောင်းတစ်အုပ် ဖြစ်မည်ဟု ထင်ရသည်။Lu Qiang က ထိုအရာကို အထုပ်၏အပြင်ဘက်သို့ လျှောကျလာစေပြီး အဖုံးကိုဖျက်ခနဲ ကြည့်လိုက်၍ စာအုပ်ကို သတိပြုမိသွားသည့် အချိန်တွင် ထိုအရာကို ချက်ချင်း ပြန်ထားလိုက်သည်။

သူ့နှာခေါင်း၏ အထက်အရိုးအပိုင်းကို လက် မ နှင့် လက်ညှိးဖြင့် တင်းကျပ်စွာညှစ်ရင်း မခံမရပ်နိုင်ဖြစ်ခြင်းကို သူ့မျက်နှာတွင် ရှင်းလင်းစွာ ရေးထားသည်။Lu Qiang သည် မကူညီနိုင်ပဲ အချည်းနှီးဖြစ်စွာဖြင့် အကြီးအကဲ Lu၏နာမည်ကို အော်ခေါ်သည် "အဘိုး"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now