Tricking The Sisters

454 36 1
                                    

"အစ်ကို လုဖန်း အစ်ကိုက ဒီမှာပဲလား?ကျွန်တော် အစ်ကိုအခန်းကို သွားခဲ့သေးတယ် ဒါပေမယ့် အစ်ကို့ကို မတွေ့ဘူး။အကုန်လုံး ဘယ်ရောက်သွားကြတာလဲလို့ ကျွန်တော်က စူးစမ်းနေတာ"

ထိုသူကတော့ သေးငယ်ပြီး လှပတဲ့ သစ်သားဘူးလေးကိုကိုင်ကာ ဝင်လာသည့် လုလီကျွင်း ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ?" လုဖန်းရဲ့ နူးည့ံလှတဲ့ အသံနဲ့ မေးလိုက်ပုံက ညီအစ်မတွေကို မနာလိုစေတယ်။

"အဘိုးနဲ့အဘွားအတွက် ကျွန်တော် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ကျွန်တော်က လူတိုင်းကို လိုက်ပြချင်နေတာ"သူ့မှာရှိတဲ့ အရာကို လူတိုင်းကို ပြရန် စိတ်လှုပ်ရှားနေပြီး လုလီကျွင်းက ပြန်ဖြေ၏။

"ပြလေ" လုဖန်း ပြောလိုက်သည်။

"ဒါကိုကြည့်"လုလီကျွင်းက ဘူးကိုဖွင့်လိုက်ပြီး မာတိကာတွေကို လုဖန်းအား ပြလေတယ်။

"မင်း လုပ်ခဲ့တာလား?"လုဖန်းက အထဲမှ လက်ဆောင်ကို မြင်ပြီး သူ့မျက်လုံးများတွင် လေးစားမှုများ ထင်ဟပ်နေကာ မေးလိုက်​​​လေသည်။

"အင်း ဒါက ဘယ်လိုလဲ?"ညီငယ်လေးက ပြန်မေး၏။

"သူတို့ ကြိုက် မှာပါ"လုဖန်းက အားပေးလေတယ်။

လုပေါင်က နစ်နာသွားပြီး မကျေမနပ် ဖြင့်"အစ်ကို လုဖန်းကို ကြည့်ဦး၊သူက ပြုံးနေပြီး လူဆိုးလေးကို ကောင်းကောင်း ဆက်ဆံတယ်၊ခုနတုန်းက ကျတော့ သူ ငါတို့ကို သနားစရာ ကောင်းလောက်အောင်ကို ဆက်ဆံတယ်!ငါတို့က ဘယ်သူမှ မဟုတ်ဘူးလား?ငါတို့က သူ့အတွက် တည်ရှိမနေဘူးလား?"လုလျန်းဘက်ကို လှည့်လိုက်ပြီး သူမမျက်နှာတွင် ဒေါသများ ပြည့်လျှံနေ၏ "ပြီးတော့ ကြည့်ဦး မကောင်းဆိုးဝါးလေးက အားလုံးရဲ့ အာရုံစိုက် မှုကို ယူသွားပြီ!"သူမက အသံနိမ့်နိမ့်ဖြင့်ထပ်ပြောတယ် "သူ့အရင်ဘဝတုန်းက နိုင်ငံတစ်နိုင်ငံကိုများ ကယ်တင်ခဲ့လို့လား?"သူမက စိတ်ထဲတွင်တော့ ရှိုက်ငို​နေသည်။

"ငါသိတယ် ဒါပေမယ့် ငါတို့က ဘာလုပ်နိုင်မှာလဲ?"ညီအစ်ကို နှစ်ယောက်ကြားမှ ချစ်ခင်မှုကို ကြည့်ရှုပြီးနောက် လုလျန်းကလည်း အနည်းငယ် အားကျနေလေ၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Wo Geschichten leben. Entdecke jetzt