Sacrifices!

442 42 2
                                    

စားသောက်ဆိုင်တွင်...

"ကောင်းသော ညနေခင်းပါ ဒေါက်တာကျန်း။စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ" ထိုယောကျာ်းက အသက်သုံးဆယ်ကျော်ပုံရသော အမျိုးသမီး၏ လက်ကိုဆွဲ၍ နှုတ်ဆက်လိုက်၏။သူမကလည်း ခုံမှထကာ သူ့ကို နှုတ်ဆက်လေတယ်။

"မလိုပါဘူးရှင်!စာတိုလေးတစ်ခုနဲ့ ရှင့်ကို ဒီကိုခေါ်လိုက်ရလို့ ကျွန်မက တောင်းပန်ရမှာပါ
ဥက္ကဠလု။ အရေးပေါ် အခြေအနေတစ်ခုကြောင့် ကျွန်မ အင်္ဂလန်ကို ပြန်ဖို့လိုတယ် ဒါကြောင့် မပြန်ခင်မှာ ရှင့်ကို တွေ့ဖို့ ကျွန်မ ခေါ်လိုက်တာ"ပြောရင်းနဲ့ သူမ ပြန်ထိုင်လိုက်သည်။

သူတို့ စကားလက်ဆုံကျနေစဥ် ဝိတ်တာမှ ကော်ဖီလာချပေးလေ၏။

"ရှင့်ရဲ့ ညီငယ်လေးရော ဘယ်လိုလဲ?"ဒေါက်တာကျန်းက မေးလိုက်လေတယ်။

"သူ အကောင်းဆုံး လုပ်ဆောင်နေတယ် ခင်ဗျားရဲ့ ကျေးဇူးတွေကြောင့်ပါဗျာ"လုချောင်၏ မျက်လုံးများက ကျေးဇူးတင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

"ရှင်လို့ အစ်ကိုမျိုး ရှိတဲ့အတွက် သူက ကံကောင်းပါတယ်ရှင်"သူမ ကော်ဖီတစ်ငုံစာလောက် သောက်ရင်း လေးပင်စွာ သက်ပြင်းချလေသည် "ဆရာဝန်တစ်ယောက် အနေနဲ့ဆိုရင် ကျွန်မက ဆေးတွေပေးပြီး အကြံပြုချက်တွေသာ လုပ်ပေးနိုင်တာ။ အောင်မြင်မှုရဖို့အတွက်က စိတ်ရှည်သည်းခံနိုင်မှုနဲ့ သူတို့ရဲ့ မိသားစုအပေါ်သာ အမြဲမူတည်တယ်လေ"

"ဒါပေမယ့် ဒီအချိန်မှာတော့ ကျွန်တော့်အတွက် ခင်ဗျားက မျှော်လင့်ချက်ပဲ"လုချောင် ပြောလိုက်၏။

သူမ သူ့ကို အလေးအနက်ကြည့်လိုက်သည်။
"အခု သူ့ရဲ့ အမူအကျင့်က ဘယ်လိုလဲ?ဒီနေရာမှာ အဓိကကျတဲ့ တစ်စုံတစ်ရာ ပြောင်းလဲသွားသေးလား?"

"ဟင့်အင်း သူ ငါးနှစ်လုံး ကလေးတစ်ယောက်ရဲ့ အသက်အရွယ်မှာ ရှိသင့်တဲ့အတိုင်း ပြုမူတယ်ဗျ။"လုချောင် အခိုင်အမာ ပြောလိုက်၏။

"ရှင်ပို့လိုက်တဲ့ သူ့ရဲ့ ဗီဒီယိုကို ကျွန်မကြည့်လိုက်ရတယ်လေ သူက အရမ်းပျော်နေတဲ့ပုံပဲ။သူ့ကို စိတ်ဖောက်ပြန်စေမယ့်အရာတွေကို ဝေးဝေးထားဖို့ ကျွန်မ ရှင့်ကို အကြံပြုချင်တယ်"သူမ အကြံပေးလိုက်သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now