Part 5

6.1K 1.1K 122
                                    

"ငါ...ငါလုပ်လိုက်ရရင်သေတော့မယ်!"

ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နှင့် ရှောင်းကျန့်
တစ်ယောက် သစ်ငုတ်ပေါ်မှ စုံရိကို လက်သီး
ရွယ်လိုက်၊လက်ဝါးရွယ်လိုက်နှင့် လုပ်နေသည်။
ကြိုးတွေတုပ်ခံထားရသည့် စုံရိမှာလည်းတကယ်
ရိုက်မည်စိုး၍ဇက်လေး ပုပုပြီးဝင်သွားတာ
သနားစရာ။

"အိုက်ယား....မနက်စောစောမှာ ဒေါသထွက်
နေရတာပဲ။ဟူး..."

လေပူတွေကိုမှုတ်ထုတ်ရင်း စုံရိကိုတစ်ချက်ပြန်
ကြည့်တယ်။မကျေမနပ် နောက်ဆုံးရွယ်လိုက်တဲ့
လက်စောင်းလေး စုံရိနားရင်းပေါ်မရောက်ခင်
အဖြူကောင်ကြီးဆီမှအသံစူးစူး။

"ဟိုကောင်လေး...ကြိုးတုပ်ထားမှ ကြိမ်းလား
မောင်းလား လုပ်နေတယ်။ဒီမှာ မင်းကြောင့်
ရသွားတဲ့ ဒဏ်ရာကို တစ်ခုခု လုပ်ပေးဖို့
မတွေးတော့ဘူးလား"

ရိပေါ်စကားသံအဆုံးမှာ စာရင်းစာအုပ်လေး
ချိုင်းကြားညှပ်လို့အနားရောက်လာတယ်။
ဝတ်ရုံအဖြူမှာစွန်းနေတဲ့ သွေးကွက်တွေက
ရှောင်းကျန့်ပါးစပ် စည်းမစောင့်လို့ရလာခဲ့တာ။

"နောက်တစ်ခါ ဓားပြတိုက်ခံရတုန်းကြီးလုံးဝ
အကြွေးမတောင်းတော့ပါဘူး.."

"တောင်းလည်း ငါထပ်မကယ်တော့ဘူး။"

မကျေနပ်သလို မျက်လွှာပင့်ကြည့်သေးတဲ့
ထိုဟာလေးမှာ တကယ်ဖြတ်ရိုက်ချင်စရာ။
ဓားနဲ့ ခြစ်မိသည့် ရိပေါ်အကျီ င်္လက်မောင်းကို အနည်းငယ်ဖြဲကြည့်ပြီး လက်ဝါးလေးနဲ့
အုပ်ထားတဲ့ကောင်လေးက..

"လာ...ကျွန်တော့်နောက်လိုက်ခဲ့"

ရှောင်းကျန့်ခေါ်လာသည်က မလှမ်းမကမ်းမှာ
ရှိနေတဲ့ စမ်းချောင်းလေးဆီ။ကျောက်တုံးတစ်ခု
ပေါ် ရိပေါ်ကိုထိုင်ခိုင်းပြီး အကျီ င်္စကို ဒဏ်ရာ
မြင်သာတဲ့ထိ အသာလေးလှန်ဖို့ကြိုးစားနေပေမဲ့
မပြောမဆို ဆွဲဖြဲလိုက်တဲ့ သူ့ကြောင့် ကောင်လေး
က အလန့်တကြားထအော်တယ်။မှင်သေသေ
မျက်လုံးလေးက ပြဲသွားတဲ့လက်မောင်းအကျီ င်္စ
ဆီမှမခွာ။မြင်လိုက်ရတဲ့ ဒဏ်ရာနက်ပြီး
သွေးထွက်များလို့ကောင်လေးလန့်သွားတယ်
ထင်လိုက်ပေမဲ့

Chit Tee{Completed}Where stories live. Discover now