Part 22

4.1K 714 61
                                    

"စားလေ..ဘာဖြစ်လို့လဲ"

ငူငူငိုင်ငိုင်နဲ့ရိပေါ်လက်ထဲကို မယ်တော်က
ဇွန်းထည့်ပေးပြီး ပြောလာသည်။ဟိုငေးဒီငေးနဲ့သူ့ကို ယုလီကလည်း အရိပ်တကြည့်ကြည့်။

"ရိပေါ်...စားမကောင်းလို့လား"

သူမအမေးကို ခေါင်းသာရမ်းပြမိသည်။
ဆာနေတဲ့ဗိုက်က အချက်ပြသံညံစီနေပေမဲ့
သူလုံးဝတို့ချင်စိတ်မရှိ။

"နည်းနည်းတော့ စားလိုက်။ပြီးရင်နားလေနော်"

လေချိုသွေးပြီးပြောလိုက်တော့ ရိပေါ်က
ခေါင်းအသာငြိမ့်ပြလို့ထမင်းဝိုင်းမှ
ထထွက်သွားသည်။အခန်းထဲရောက်သည်နှင့်
ကုတင်ပေါ် တက်လို့ခပ်ကွေးကွေးလေး
အိပ်မယ်ပြင်တုန်း...

"ထ!အကြံပေးမယ်"

စောင်ကို ဆွဲလှပ်လိုက်သည့်ကျိုးချန်က
သူ့ဘေးကို ဝင်ထိုင်ပြီးပြောလာသည်။ရိပေါ်
မျက်မှောင်ကျုံ့လို့စုပ်သတ်ရင်း

"ဘာအကြံလဲ။မလိုဘူး"

"ရှောင်းကျန့်ကို ပြန်မခေါ်ချင်ဘူးလား"

ငေါက်ခနဲထထိုင်သည့်ရိပေါ်က ကျိုးချန်လက်မောင်းကို လှမ်းဆုပ်ကိုင်သည်။

"ခေါ်ချင်တယ်...သေလောက်အောင်ခေါ်ချင်တယ်။"

"အဲ့တာဆို အကြံထုတ်ရမယ်လေ"

ညိုးကျသွားသည့် မျက်နှာနှင့်ရိပေါ်က
သက်ပြင်းချသည်။

"ငါသူ့ကို နှစ်ပတ်လောက်ထိပြန်ခွင့်ပြုမယ်ပြောထားတာ။အခုမှ ၃ရက်ပဲရှိသေးတာကို။
ငါ့ကတိဖျက်လို့မဖြစ်ဘူး"

"ကတိဖျက်တယ်ဆိုတာမျိုး မဖြစ်ဘဲ ပြန်ခေါ်လို့ရတဲ့နည်းငါသိထားတယ်"

မျှော်လင့်တကြီးမျက်ဝန်းတွေနဲ့ရိပေါ်က ကျိုးချန်ကိုအားကိုးတကြီးကြည့်လာသည်။အနားကပ်လာရန် လက်ဟန်ပြပြီး အစီအစဉ်ကိုချပြမိချိန်မှာတော့ ရိပေါ်မျက်နှာထက်က အားရသည့်အပြုံးတစ်ခု.....

ပလီပလာ ရောင်စုံဖြာနေသည့်အကြံတွေကို
ဒီကလေးလေးနဲ့မှ ထုတ်သုံးတတ်တာယုံ။

💸💸💸💸💸

"အားလုံးပဲ နားစိုက်ထောင်ပေးကြပါ။အခု
ဒီမြို့ထဲမှာ နန်းတွင်းထဲက အသပြာအိတ်ကို
ခွင့်တောင်းခြင်းမရှိဘဲ ယူဆောင်သွားတဲ့
လူတစ်ယောက်ရှိနေပါတယ်။အသပြာအိတ်မှာ
နန်းတော်အမှတ်အသားပါတာမို့ တွေ့ရှိပါက
အကြောင်းကြားပေးခြင်းဖြင့်ဆုတော်ငွေ
တစ်သောင်းကျပ်တိတိ လက်ခံရရှိမှာဖြစ်ပါတယ်"

Chit Tee{Completed}Where stories live. Discover now