Part 4

6.2K 1.1K 94
                                    

"
"အိမ်ရှေ့စံ။မိဖုရားခေါင်ကြီး အခေါ်ရှိလိုက်
ပါတယ်"

အထိန်းတော်ကြီးရဲ့စကားသံကြောင့် ရိပေါ်
ဘေးနားမှာ မှင်သွေးနေတဲ့ မင်းမှုထမ်းကို
လက်တို့လိုက်သည်။ပြူးတူပြာတာဖြင့်
ငိုက်နေရာမှ နိုးလာသည့် မင်းမှုထမ်းက
အမိန့်နာခံဖို့အသင့်အနေအထားပြသည်မို့
ရိပေါ် လက်နှင့်အသာကာ၍မင်းမှုထမ်း
နားရွက်နားကပ်လိုက်သည်။

"ငါ...မိဖုရားကိုလှူလိုက်တာ သိသွားပြီလား"

"ဟုတ်မယ်ထင်ပါတယ် အရှင့်သား"

ပုံမှန်အနေအထားပြင်လို့ သက်ပြင်းချမိတော့
အနားမှ အမှုထမ်းကပါ လိုက်သက်ပြင်းချသည်။

"လာခဲ့ဆိုတော့လည်း သွားရတာပေါ့"

ဝတ်ရုံဖြူနဲ့ကျက်သရေရှိစွာ ထသွားတဲ့ရိပေါ်
နောက်မှာ အစေခံတန်းကြီးရှည်လျားစွာ။
မိဖုရားခေါင်ကြီးရဲ့အဆောင်တော်ရှေ့ရပ်မိသည်
နှင့် တံခါးတည့်တည့်မရပ်ဘဲဘေးကိုအနည်းငယ်
စောင်းထားလိုက်သည်။

"ဖွင့်တော့..!!"

အမိန့်သံအဆုံး မျက်နှာရူံ့မဲ့နေသည့် အမှုထမ်းက
မျက်စိကိုစုံမှိတ်ကာ တံခါးဖွင့်သည်။ရိုးရာမပျက်
ခပ်မာမာ ပစ္စည်းတစ်ခုက အမှုထမ်းရဲ့
နဖူးဆီ တည့်တည့်။

"၀မ်ရိပေါ်!!"

ဒေါသသံနှင့် မိဖုရားကြီးက သူ့အနားကိုအားနှင့်
ပြေးလာသည်။ကျောက်ရုပ်ဝမ်ရိပေါ်ကတော့
နေရာမှမရွေ့။သူ့နားရောက်လာသည့်မိဖုရား
ကြီးသည်ကား လက်တစ်ဖက်ကို လေပေါ်
မြောက်လို့ ရိုက်ချလိုက်မယ် ထင်ခဲ့ပေမဲ့

"ငါနော်....ရိုက်လိုက်ရရင်တော့ဖြင့် မကောင်း
ရှိတော့မယ်"

"မယ်တော်မရိုက်ရဲတာ သားသိပါတယ်"

ယုံကြည်မှုအပြည့်နှင့်ပြောလိုက်သည့် ရိပေါ်
မျက်ဝန်းတွေသည်ကား နေရာမရွေ့။

"အ...အားးးးမယ်မယ်"

ဗိုက်ခေါက်သေးသေးလေးကို လိမ်ဆွဲလာသည့်
မယ်မယ့် လက်ချောင်းများက သန်မာစွာ။
ရိပေါ် ဘုရင်လောင်းသိက္ခာမဆယ်နိုင်အောင်
ထအော်မိတော့ အမှုထမ်းတွေက ခိုးရယ်သည်။

Chit Tee{Completed}Where stories live. Discover now